"တောင်းဆိုး ပလုံးဆိုး ကိုသာ ပစ်႟ိုး ထုံးစံ ရှိတယ်၊ သားဆိုး သမီးဆိုးကို ပစ်႟ိုး ထုံးစံ မရှိဘူးလို့ ရှေးလူကြီးများ ဆိုစကား ရှိတယ် မဟုတ်လား။"
"အဲဒါဟာ မိဘရဲ့ မေတ္တာကို ဖော်0x150ွှန်းတဲ့ စကား၊ မိဘ မေတ္တာ ဘယ်လောက် ကြီးမားတယ်၊ သားသမီး ဘယ်လို ဆိုးဆိုး၊ မပစ်ရက် မပစ်နိုင် မစွန့်ရက် မစွန့်နိုင် ဖြစ်ရတယ် ဆိုတာကို ပြောတာ။"
"ဒီတော့ ဒီစကားဟာ 'မပစ်ရက်ဘူး၊ ပစ်႟ိုး ထုံးစံ မရှိဘူး' လို့ပဲ ပြောတာ၊ ' ပစ်လို့ မရဘူး' လို့ မပြောဘူး။"
"ဒီ အချက်ကိုတော့ အလေးအနက် သတိထား။"
"မိဘနဲ့ သားသမီး၊ လင်နဲ့ မယား၊ ညီအစ်ကို မောင်နှမ၊ အဆွေ ခင်ပွန်း အချင်းချင်း ဘယ်သူမဆို တဦးကို တဦး ပစ်ချင်ရင် တကယ် စွန့်ပစ်မယ် ဆိုရင် စွန့်ပစ်လို့ ရတယ်။"
"အဲ … ပစ်လို့ မရတဲ့သူ၊ ဘယ်လို ဘယ်နည်းနဲ့မှ ပစ်လို့ မရတဲ့သူ တဦး ရှိတယ်၊ ဘယ်သူ့ကို ဘယ်သူက ပစ်လို့ မရတာလဲ … သိလား။" "ကိုယ့်ကိုကိုယ် ပဲကွ၊ ကိုယ့်ကိုကိုယ်ပဲ၊ ကိုယ့်ကို ကိုယ်ကျတော့ ဘယ်လိုပဲ စွန့်ပစ်ချင် စွန့်ပစ်ချင် စွန့်ပစ်လို့ မရဘူး၊ သတ်သေဖို့ ဆိုတာလဲ အပြော လွယ်သလောက် အလုပ် မလွယ်ဘူး။"
"ဒါကြောင့် ကိုယ့်ကိုကိုယ် စွန့်ပစ်ချင် ရမယ့် အခြေအနေ မရောက်အောင် ထိန်းသိမ်း၊ ဒါမှ မဟုတ်ရင်တော့ မသေမချင်း 'ဝဋ်' ခံရပြီ မှတ်ပေတော့"
X X X X X
စာရေးသူ ရှစ်တန်း ကျောင်းသား ဘဝက ဖြစ်ပါသည်။ ကျောင်းသွားဖော် လှအောင်ကို ကျောင်းသွားရန် ဝင်ခေါ်စဉ် လှအောင်၏ အဖေ ဦးလှကျော်က သူ၏ တဦး တည်းသော သားကို အထက်ပါ အတိုင်း ဆုံးမ ပြောဆို နေသည်။ လှအောင်သည် ကျောင်းသွားရန် အသင့် အနေအထားတွင် ရှိ၏။ ကုလားထိုင်တွင် ခပ်ကုပ်ကုပ် ကလေး ထိုင်နေသည်။ ခေါင်းကို ငုံ့ထားသည်။ သူ့အဖေက သူ့ကို မည်သည့် အချိန်က စတင် ဆုံးမ နေသည် မသိ။ စာရေးသူ ရောက်သွားသော အခါ ' တောင်းဆိုး၊ ပလုံးဆိုး' မှ စတင် ကြားရသည်။ ' လူကြီး သူမ တို့၏ ဆိုဆုံးမ စကားကို လေးလေးစားစား နာခံ မှတ်သား ရမည်' ဟူ၍ စာရေးသူ၏ အဖေက 0x150ွှန်ကြား ထားသည့် အတိုင်း စာရေးသူလည်း လှအောင်၏ ကုလားထိုင် ရှေ့ရှိ ကုလားထိုင်တွင် တ႟ိုတသေ ဝင်ထိုင် လိုက်ပါသည်။
ဦးကျော်လှသည် လှအောင်၏ မျက်နှာကို မကြည့်ဘဲ ပြောနေခြင်း ဖြစ်၏။ စာရေးသူက လှအောင်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေ၍ မကြည့်ဘဲ မြင်နေ ရသည်။ ဦးလှကျော် ဆုံးမ နေစဉ် ဖြစ်ပေါ် နေသော လှအောင်၏ မျက်နှာကို ဦးလှအောင် မြင်လျှင် လည်ပင်း ညၟစ်သတ် မိလိမ့်မည် ထင်သည်။ မထီလေးစား အသွင်မှ အစ မလိုလား မနှစ်မျို့သည့် အမူအရာက တမျိုးပြီး တမျိုး ပေါ်နေသည်။
လှအောင်သည် စာရေးသူ၏ တကယ့် ကျောင်းသွားဖော် ဖြစ်၏။ နံနက် ကျောင်းသွားချိန် အိမ်မှ ထွက်စဉ်သာ လှအောင်က စာရေးသူနှင့် တွဲထွက်ပြီး ကျန်အချိန် အားလုံးတွင် စာရေးသူနှင့် လုံးဝ မဆက်ဆံ တော့ပေ။ သဘာဝချင်း မတူသည့် အတွက် ဆက်ဆံ ၍လည်း မရပေ။
လှအောင်၏ အဖေ ဦးလှကျော်သည် မော်လမြိုင် ဈေးကြီး ထဲတွင် အထည်ဆိုင် တဆိုင်နှင့်ေ႟ွှဆိုင် တဆိုင် ဖွင့်ထားသည်။ အထည်ဆိုင်ကို လှအောင်၏ အစ်မ မလှမေက ဦးစီးပြီးေ႟ွှဆိုင်ကို လှအောင်၏ အမေ ဒေါ်အုံးက ဦးစီးသည်။ ဦးလှကျော်က နှစ်ဆိုင်လုံးကို ဦးစီး တာဝန် ယူပြီး ဦးလှကျော်၏ တကယ့် လုပ်အားမှာ ဘာသာရေး ဘက်တွင် ရောက်နေသည်။
လှအောင် တို့မှာ မောင်နှမ နှစ်ယောက်တည်း ရှိ၍ မလှမေက လှအောင်ကို အလို လိုက်သည်။ ဒေါ်အုံး ကလည်း တဦးတည်းသော သားမို့ အလို လိုက်သည်။ မလှမေကို ခုနစ်တန်း အောင်႟ုံဖြင့် ကျောင်းအထွက် ခိုင်းလိုက် သော်လည်း လှအောင်ကိုမူ ဘွဲ့ရသည် အထိ ထားမည်ဟု အားခဲ ထားကြသည်။ ထိုစဉ်က ထိုဒေသ များတွင် ဘွဲ့ရပြီး သူကို လက်ချိုး ရေတွက်၍ ရသည်။ လှအောင်ကို အလို မလိုက်သူက ဦးလှကျော်။
လှအောင်မှာ အဖေက သတ်မှတ် ပေးထားသော မုန့်ဖိုး တကျပ် အပြင် အမေက ပေးသော ငါးကျပ်နှင့် အစ်မက ပေးသော ငါးကျပ် ရှိသေးရာ တနေ့မုန့်ဖိုး ဆယ့်တစ်ကျပ် ရသည်။ စာရေး သူတို့က ငါးမူးသာ ရသည်။
လှအောင်သည် ဥာဏ်ကောင်းသည်။ စာကြိုစားမှု လုံးဝ မရှိ။ ကျောင်းပြေးသည်။ ႟ုပ်ရှင် ကြည့်သည်။ သဘာဝချင်း တူသူများနှင့် ပေါင်းပြီး တေသည်။ လေသည်။ ဖဲ႟ိုက်သည်။ တခါတရံ အခြေအနေ ပေးလျှင် အရက်ပါ သောက်သည်။ 'ကရယ်ဗရင်-အေ' စီးကရက်ကို စွဲစွဲမြဲမြဲ သောက်သည်။ မုန့်ဖိုး အပြင် ႟ုပ်ရှင် ကြည့်ရန် သူငယ်ချင်း များအား ကေဋ္ဋးမွေးရန် ကျောင်း အတွက် ဘာကြေး ညာကြေး ပေးရန် စသည့် နည်းမျိုးစုံဖြင့် တောင်း၍ ရသော ငွေများလည်း ရှိသေး၏ ။ ထိုငွေများက လှအောင်ကို အဆိုး ဘက်သာ တွန်းပို့ နေသည်။
X X X X X
"ငါက ပညာ တတ်ကော ဘာလုပ်ရ မလဲ၊ ပညာ မတတ်လဲ ဘာဖြစ် မလဲ၊ ငါ့မိဘဟာ ဆယ်သိန်း ဖိုးလောက် ချမ်းသာတယ်၊ တို့မောင်နှမ နှစ်ယောက်တည်း ရှိတယ်၊ တယောက် ငါးသိန်းပဲ၊ နှစ်သိန်းလောက် ဘဏ်ထည့် ထားလိုက်ရင် တသက်လုံး မငတ်တော့ဘူး၊ ဒီတော့ ဘာလို့ အပင်ပန်း ခံပြီး စာသင် နေတော့ မလဲ။
"အဲဒီတော့ ဘာလုပ်ရ မလဲ၊ ဒီမှာ သူငယ်ချင်း …. လူ့လောကမှာ လူဖြစ်ရတာ ဘယ်လောက် ကြာလို့လဲ၊ ထားပါတော့ …. ခုနစ် ဆယ့်ငါးနှစ်လို့၊ အဲဒီ အထဲမှာ နှစ်ဆယ့် ငါးနှစ် လောက်က ကလေး ဘဝနဲ့ ကိုယ်လုပ်ချင်တာ ဘာမှ မလုပ်ရဘဲ ပညာပဲ ကြိုးစား သင်နေရတဲ့ ဘဝ၊ အသက် ခြောက်ဆယ်လောက် အထိက သား သမီးတွေ အတွက် စီးပွားရှာ၊ ကျောင်းက ထွက်ထွက်ချင်း မိန်းမ ရရင်တော့ စီးပွားရှာတဲ့ ဘဝထဲ တန်းဝင် သွားပေါ့၊ ခြောက်ဆယ် နောက်ပိုင်း ကျတော့ ဘဝ ကူးကောင်းအောင် တရားရှာ၊ ဘယ်မှာလဲ လွတ်လွတ်လပ်လပ် ပျော်ရတဲ့ ဘဝ၊ ဘယ်မှာ လူဖြစ်ရကျိုး နပ်တော့ မလဲ။"
"ငါကတော့ အမှန်အတိုင်း ပြောမယ်၊ လူ့ပြည်မှာ အကြာကြီး မနေချင်ဘူး၊ မလုပ်နိုင် မစားနိုင်၊ ဘာမှ မစွမ်းဆောင် နိုင်တော့တဲ့ အိုမင်း မစွမ်း ဘဝနဲ့လဲ မနေချင်ဘူး၊ အ႟ွယ် ကောင်းတုန်းမှာ ပျော်မယ် ပါးမယ်၊ လုပ်ချင်တာ အကုန် လုပ်မယ်၊ လူ့စည်းစိမ်ကို အပြည့် ခံစားမယ်၊ လူ့စည်းစိမ်ကို အပြည့် မခံစား နိုင်တဲ့ အ႟ွယ် ရောက်တာနဲ့ သေပစ်မှာပဲ၊ ဒါပဲ။"
"အဲ …. မင်းကတော့ ဆင်းရဲတယ်၊ ငါနဲ့ မတူဘူး၊ ပညာ ကြိုးစားသင်၊ ပညာတတ်မှ လူတန်းစေ့ ကလေး နေနိုင်မယ်၊ ငါ့ကို တုလဲ မတုနိုင်၊ အားလဲ မကျနဲ့၊ ဆုံးလဲ မဆုံးမနဲ့"
တနေ့တွင် အတူ ကျောင်းသွားရင်းမှ လှအောင်က သူ့အဖေက ခဏခဏ မြည်တွန် တောက်တီး၍ နားငြီးကြောင်း ပြောသဖြင့် စာရေးသူက မိဘက သားသမီး ဆင်းရဲမည် စိုး၍ ပြောဆို ဆုံးမခြင်းကို ဤသို့ မပြောသင့်ကြောင်း၊ မိဘ စကားကို နားထောင်ပြီး ပညာ ကြိုးစား သင် သင့်ကြောင့် ပြန်လည် ပြောဆိုရာ လှအောင်က အထက်ပါ အတိုင်း သူ၏ အယူအဆကို ပြောသည်။ ထို့ကြောင့် စာရေးသူသည် သူ့အား နောက်ထပ် မပြောတော့ချေ။
X X X X X
မော်လမြိုင်တွင် ရှစ်တန်း အောင်ပြီးနောက် စာရေးသူက ရန်ကုန် ရောက်လာသည်။ ရန်ကုန်တွင် ဆယ်တန်း အောင်ပြီး တက်ကသိုလ် ဆက်တက်သည်။ မော်လမြိုင်မှ သူငယ်ချင်း များနှင့် အဆက်အသွယ် မပြတ်လှ။ စာဖြင့် ဆက်သွယ်လျက် ရှိခဲ့သည်။ လှအောင် ထံတော့ စာရေး သော်လည်း ပြန်စာ မရ၍ ထပ်မရေး ဖြစ်တော့။ သို့သော် လှအောင်တို့ သတင်း ကိုတော့ သူငယ်ချင်း များမှ တဆင့် ကြားနေရသည်။ လှအောင် စာမေးပွဲ ကျပြီး ကျောင်းဆက် မတက်ဘဲ လေနေသည်။ ဦးလှကျော် လေဖြတ်ပြီး အိပ်ရာထဲ လဲနေသည်။ မလှမေက စေ့စပ် ထားသော ကိုဘသိန်းနှင့် လက်ထပ် လိုက်သည်။ ဦးလှကျော် ဆုံးသည်။ ဒေါ်အုံး အိပ်ရာထဲ ဘုံးဘုံးလဲသည်။ နောက် …. ဒေါ်အုံး ဆုံးသည်။ လှအောင် တယောက် မူကောင်းတုန်း တေကောင်းတုန်း လေကောင်းတုန်း။
အထက်ပါ အဖြစ်အပျက် များသည် နှစ်နှစ်ကျော် သုံးနှစ် အတွင်း ဖြစ်ပွား သွားသော အဖြစ်အပျက်များ ဖြစ်၏။ လှအောင် တေလွန်း ဖြုန်းလွန်း သဖြင့် မလှမေက အမွေ ခွဲလိုက်သည်။ လှအောင်ကေ႟ွှဆိုင်နှင့် ပြန်အမ်း ငွေများ ရသည်။ မလှမေက နေအိမ်နှင့် အထည်ဆိုင် ရသည်။
လှအောင်ေ႟ွှတောင် တန်းတွင် တိုက်ခန်း တခန်း ငှားနေသည်။ေ႟ွှဆိုင်ကို ဒေါ်အုံး လက်ထက် ကတည်းက လုပ်လာသော ဦးရှာ၊ ဦးသောင်း တို့နှင့် လွှဲထားသည်။ ပြန်အမ်း ငွေများကို ဘဏ်တွင် ထားသည်။ နေ့စဉ် အသုံးက ဆိုင်မှ ယူသည်။ အမြတ် တရာ ရှိလျှင် လှအောင် ယူငွေက နှစ်ရာ ဖြစ်သည်။
X X X X X
"ဟေ့ကောင် အုန်းသွင်၊ မင်း စာရေးဆရာ လုပ်နေတယ်ဆို၊ ဖေသိန်းတို့ ပြောတယ်၊ ငါတော့ မဖတ်မိ ပါဘူး၊ ငါ့မလဲ သင်ပုန်ကြီးတောင် ဖတ်တတ်ပါ တော့မလား မသိဘူး၊ ဟဲ … ဟဲ … ဟဲ …."
စာရေးသူသည် ကျောင်းမှ ပညာ တပိုင်း တစနှင့် ထွက်ပြီး ရန်ကုန်တွင် အလွတ် ပညာသင် ကျောင်းဆရာ လုပ်ရင်း သတင်းစာ များတွင် ဝတဉုတိုနှင့် ဆောင်းပါးများ ရေးသားလျက် ရှိရာမှ မော်လမြိုင်သို့ တခေါက် ပြန်သွားရာ သင်္ဘောဆိပ်တွင် လှအောင်နှင့် တွေ့ပြီး လှအောင်က အထက်ပါ အတိုင်း ပြောဆို နှုတ်ဆက်သည်။
"စာရေးဆရာ အခေါ် မခံနိုင် သေးပါကွာ၊ လက်သင် ဘဝ ရှိပါ သေးတယ်၊ မင်းရဲ့ သတင်းတော့ ငါ အမြဲလိုလို ကြားနေ ပါတယ်၊ အခု ဘယ်သွား မလို့လဲ"
စာရေးသူက ဖြေပြီး ပြန်မေး လိုက်သည်။ အချိန်မှာ ညနေ ငါးနာရီခန့် ဖြစ်ပြီး လှအောင်၏ နောက်တွင် ပရိသတ်က ဆယ်ဦးထက် မနည်း။ သူတို့ အားလုံး လှအောင်နှင့် တထေရာတည်း၊ ႟ုပ်ချင်း တူသည် မဟုတ်။ ဆူကြုံ နိမ့်မြင့် စုံသည်။ တထေရာတည်း တူသည်မှာ လှအောင် ကဲ့သို့ အရက်ချိုး မျက်နှာ နီစပ်စပ် အမ်းတမ်းတမ်း။
"ငါ့အကြောင်း မင်း ကြားနေတယ် ဆိုရင် ဘယ်သွားမလဲ မေးစရာ လိုသေးလားကွ၊ 'နမ်း႟ွမ်း' (ပျော်ပွဲစား႟ုံ) ကို သွားမလို့၊ ဝါသနာ ပါရင် လိုက်ခဲ့"
လှအောင် ပြန်ဖြေပြီး ခေါ်လိုက်သည်။ စာရေးသူက ကိစ္စ ရှိသေး၍ မလိုက် နိုင်သေးကြောင်း ပြောပြီး လမ်းခွဲ ခဲ့သည်။
လှအောင်သည် ကုဋေ ရှစ်ဆယ် သူဋ္ဌေးသား မိဘ သေပြီးစ အနေမျိုး ဖြစ်နေသည်။ လှအောင်၏ နောက်တွင် နောက်လိုက် နောက်ပါေ0x144ခရံ သင်းပင်း တပုံတပင်ဖြင့် သောက်လိုက်၊ စားလိုက်၊ ပျော်လိုက်၊ ပါးလိုက် ဖြစ်နေသည်ဟု ဆိုသည်။ ဦးရှာမှာ လှအောင်ကို ငယ်စဉ်ကပင် ကြောက်ရသူ ဖြစ်၍ လှအောင် တောင်းသလောက် ပေးရသည်။ စာရင်းသာ အတိအကျ လုပ်ထား ရသည်။ မလှမေ ကတော့ ကောင်းသည် ဆိုးသည် မပြောတော့။ ပြော၍လည်း ရမည် မဟုတ်။ အမွေကို သစ်သီး ထက်ခြမ်းကွဲ ခွဲခဲ့ပြီး ဖြစ်၍ သင်းထိုက်နှင့် သင်းကံ ရှိပါ စေတော့ဟု ပစ်ထားပြီး ကိုယ့်စီးပွားကိုယ် ဖိလုပ် နေခဲ့သည်။ ဈေးကြီးထဲမှ ဆိုင်အပြင် အောက်လမ်းမကြီးတွင် တဆိုင် ခွဲဖွင့် နိုင်ခဲ့သည်။
သို့ဖြင့် အတန်ကြာ နေခဲ့ရာ မော်လမြိုင် ဈေးကြီး မီးလောင်သော အခါ လှအောင်တို့ ဆိုင်နားမှ ကပ်လောင် သဖြင့် ဦးရှာမှာ လူလွတ်အောင် မနည်း ပြေးခဲ့ရ သည်ဟု ဆိုသည်။ လှအောင်ေ႟ွှဆိုင် ပြုတ်သွားပြီ။ တကယ့်တော့ လှအောင်၏ေ႟ွှဆိုင်မှာ ဟန်သာ ရှိတော့သည်။ လုံးပါး ပါးခဲ့ပြီမို့ များများစားစား မကျန်တော့။
ရင်းနှီး သူများက လှအောင်ကို ဘဏ်မှ ငွေထုတ်ပြီး ဆိုင်ပြန် ဖွင့်ရန်နှင့် အိမ်ထောင် ပြုပြီး စီးပွားရေးကို ဖိဖိစီးစီး လုပ်ရန် အကြံ ပေးသည်။
"ငါ့မှာ နဖား မထိုးမယ့် မိန်းမတွေ အများကြီး ရှိပါလျက်နဲ့ ဘာလို့ အမိုက်ခံပြီး နဖား ထိုးမယ့် မိန်းမ တယောက်ကို ယူရမလဲ၊ ဘဏ်က ငွေကို တလ ငါးရာ ထုတ်သုံးရင် အနှစ် သုံးဆယ်လောက် သုံးနိုင်တယ်၊ ဘာလို့ စာရင်း အ႟ှုပ် ခံပြီး အလုပ် လုပ်တော့ မလဲ၊ ပြီးခဲ့တဲ့ ဆိုင်တောင် လုပ်ချင်လို့ မဟုတ်ဘူး ဦးရှာကို သနားလို့"
လှအောင်က ဤသို့ ပြန်ပြောပြီး ဆက်လက် ပေတေ နေခဲ့သည်။ လှအောင် ဘဝ ပိုပြီး ဆိုးသွား သည်မှာ 'မာကျောက်' စွဲခြင်းပင် ဖြစ်၏ ။ ထို့ကြောင့် အနှစ် သုံးဆယ် သုံးမကုန် ဆိုသော ဘဏ်မှ ငွေမှာ သုံးနှစ် အတွင်း ဘဏ်စာရင်း ပိတ်လိုက် ရသည်။ နောက် … အိမ်ရှိ ပစ္စည်းများ ချရောင်းသည်။ နောက် … အိမ်ခန်းပါ ရောင်းပြီးနောက် …. လှအောင် တယောက် မော်လမြိုင်မှ ပျောက်ချင်း မလှ ပျောက်သွား၏ ။ မော်လမြိုင်တွင် ကျောင်းအတူ နေခဲ့သည့် စာရေးသူတို့ ကျောင်းနေဖက် သူငယ်ချင်း များသည် မြန်မာနိုင်ငံ အနှံ့ ရောက်ကြသည်။ မကြာခဏလည်း ပြန်တွေ့ ကြသည်။ လှအောင်ကို မည်သူမှ မည်သည့် နေရာတွင်မျှ မတွေ့ခဲ့ကြ။
X X X X X
" ငါ့ မြေးတို့ရယ် … အဘိုး ဒုက္ခိတကို သဒ္ဓါ သေ႟ွ့ လှခြဲ့ တန်းခဲ့ စွန့်ကြဲ ခဲ့ကြ ပါကွယ်"
ပဲခူးေ႟ွှမောဓော ဘုရားကို ရောက်တိုင်း ဤအသံကို ကြားနေကျ ဖြစ်သည်။ စာရေးသူတို့ မိသားစုမှာ ရက်အားကလေးများ ရလျှင် တနေရာ ရာကို ဘုရားဖူး ထွက်တတ် ကြသည်။ ဘုရားစုံလည်း ဖူးရ လမ်းပန်းလည်း ကောင်းသည့် ပဲခူးကိုမူ ခြောက်လ တကြိမ်မျှ ရောက်တတ် ကြသည်။ စောင်းတန်း အတက်တွင် အသက် (၇ဝ) ခန့် ရှိမည် ထင်ရသော အဘိုးအို တဦးက လာသမျှ ဘုရားဖူး များကို ဤသို့အလြှ ခံနေသည်ကို အခေါက်တိုင်း တွေ့ရသည်။ စာရေးသူ၏ သားသမီး များက အေ0x143ကများ လှကြသည်။ အဘိုးအိုမှာ အတော် ဆိုးဆိုးဝါးဝါးပင် ကိုယ်ပျက်လျက် ရှိသည်။
တကြိမ်တွင် မိသားစုများ ဘုရား ရင်ပြင်ပေါ် တက်သွားကြပြီး စာရေးသူက စောင်းတန်းဝတွင် အသိ တဦးနှင့် စကား ပြောနေရ သဖြင့် တဦးတည်း ကျန်ပြီးမှ လိုက်တက် ခဲ့ရသည်။ တွေ့နေကျ အဘိုးအို ကိုလည်း တွေ့ရသည်။
"ဆရာလေး …. စကား နည်နည်းလောက် ပြောခွင့် ပြုပါလား"
"ဘာပြော ချင်လို့လဲ၊ ပြောချင်တာ ပြောပါ" ဟု ပြန်ပြော လိုက်သည်။
"မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမ၊ အဆွေ ခင်ပွန်း အချင်းချင်း တဦးကို တဦး တကယ် စွန့်ပစ်မယ် ဆိုရင် စွန့်ပစ်လို့ ရတယ်၊ ဘယ်လိုမှ စွန့်ပစ်လို့ မရတာက ကိုယ့်ကိုယ်ပဲ ဆိုတဲ့ စကားကို ကြားဖူး သလား"
စာရေးသူ၏ နားတွင် နွေခေါင်ခေါင် မိုးကြိုး ပစ်ချသံ ကြားလိုက် ရသကဲ့သို့ ဖြစ်နေသည်။ များစွာလည်း တုန်လှုပ် ချောက်ချား သွားသည်။ နှုတ်မှလည်း ….
"လှအောင် … လှအောင် … လှအောင် …. မဟုတ်လား" ဟု သုံးထပ်ဆင့် မေးလိုက်သည်။
"ဟုတ်တယ် လှအောင်ပဲ၊ မင်းနဲ့ ငါဟာ ခုချင်းတူတူ၊ အခု တို့အသက် (၅၇) နှစ် ရှိကြပြီ၊ ဒါပေမယ့် မင်းအ႟ွယ်က ငါးဆယ်လောက်၊ ငါ့အ႟ွယ်က ခုနစ်ဆယ်လောက် ဖြစ်နေတယ်၊ မိုက်ပြစ် မိုက်ဒဏ် တွေပေါ့"
လှအောင်က ပြန်ဖြေသည်။
"တို့ သူငယ်ချင်းတွေ ရောက်လေရာမှာ မင်းကို သတိထား ရှာတယ် မတွေ့ဘူး၊ မင်း အကြောင်းကို တို့ ဆုံတိုင်း ပြောကြတယ်"
စာရေးသူက လှိုက်လှိုက်လှဲလှဲ ပြောလိုက်၏ ။
"အေး …. ငါတော့ မင်းတို့ အားလုံး နီးပါးကို မကြာခဏ တွေ့နေ တာပဲ၊ မင်းတို့ မိသားစု ဒီကို လာတာ ဒါနဲ့ ပါဆို ခြောက်ခေါက် ရှိပြီ၊ ငါ့ကို အားလုံးက တွေ့ကြ တာပဲ၊ ဒါပေမယ့် ဘယ်သူမှ မမှတ်မိ ကြဘူး၊ မှတ်မိ နိုင်စရာလဲ မရှိဘူး။"
"ငါကလဲ ဘယ်သူ့ ကိုမှ မခေါ်ဘူး၊ ဒီ အနေအထားနဲ့ ဒီလူတွေကို ဘယ်ပါးစပ်နဲ့ ခေါ်မလဲ၊ ခုလဲ မင်းကို ငါမခေါ် ချင်ဘူး၊ ငါးခေါက်လုံးလုံး အောင့်နေ ခဲ့တယ်၊ ခု …. မနေနိုင်လို့ ခေါ်တာ၊ ငါ့ကို ခွင့်လွှတ်ကွာ၊ စကားတခွန်း ပြောချင်လွန်းလို့ ခေါ်မိတာ"
"သူငယ်ချင်း …. မင်းကို ငါသူငယ်ချင်း လိုပဲ သဘော ထားတယ်၊ တောင်းပန် မနေနဲ့၊ လာ …. တို့ လက်ဖက်ရည် ဆိုင်မှာ သွား စကား ပြောရအောင်၊ ဒါမှ မဟုတ်ရင် ငါနဲ့ ရန်ကုန် လိုက်ခဲ့"
စာရေးသူက ဖြတ်ပြော လိုက်သည်။
"ဘယ်လက်ဖက်ရည် ဆိုင်ကမှ ငါ့ကို အထိုင်ခံမှာ မဟုတ်ဘူး၊ ရန်ကုန်လဲ မလိုက်ဘူး၊ မင်းတို့ ပြန်သွား တာနဲ့ ငါတခြား နေရာကို ပြောင်းတော့မယ်၊ ငါစကား တခွန်း ပြောချင် လွန်းလို့ ငါဖြစ်ကြောင်း အသိ ပေးရတာ၊ အခု ငါပြောချင်တဲ့ စကား ပြောပြီးပြီ၊ ငါကျေနပ်ပြီ"
"မင်း ပြောချင်တဲ့ စကားက ဘာလဲ"
စာရေးသူက နားမလည်စွာ မေးလိုက်သည်။
"စောစောက ငါပြောတဲ့ ကိုယ့်ကိုကိုယ် စွန့်ပစ်လို့ မရဘူး ဆိုတာလေ၊ ဒီစကားကို အဖေ ပြောတုန်းက မင်းနဲ့ ငါ နှစ်ယောက်ပဲ ကြားတယ်၊ အဲဒီတုန်းက ငါ့မျက်နှာကို အဖေ မြင်ရင် လည်ပင်း ထညၟစ် လိမ့်မယ်၊ အဖေ ပြောတာ ငါတကယ် မယုံခဲ့ဘူး၊ မင်းကိုတောင် ငါပြော သေးတယ်၊ လောကမှာ စည်းစိမ် မခံစား နိုင်တဲ့ အ႟ွယ် ရောက်ရင် သေပစ် လိုက်မယ်လို့။"
"ငါ သောင်းကျန်း တာနဲ့ စာရင် ငါ့လက်ရှိ ႟ုပ်ဘဝ အခြေအနေဟာ နည်းတောင် နည်းသေးတယ်၊ စည်းစိမ်ပျက်၊ ႟ုပ်ပျက် ကတည်းက ကိုယ့်ကိုယ်ကို စွန့်ပစ်ဖို့ သတ်သေဖို့ ကြိုးပမ်း ခဲ့တာ အကြိမ် တရာ မကဘူး၊ ဒါပေမယ့် သူရဲဘော ကြောင်ပြီး မအောင်မြင် ခဲ့ဘူး၊ ' အထုံ ရေစက် မပါလို့' ဆိုပြီး ပြောရင်လဲ ရတယ်။"
"ရယ်စရာ ပြောရရင် ငါ သိပ် နောင်တ ရတယ်၊ ဆင်းရဲလို့ မဟုတ်ဘူး၊ အဖေ့ စကားကို မထီမဲ့မြင် ပြုခဲ့ တာကို နောင်တ ရတာ၊ အဖေ့ကို ပြောချင်တယ်၊ 'ကဋ္ဋန်တော် မှားပါပြီ' လို့၊ ဒါပေမယ့် ဘယ်လိုက်ပြော မလဲ၊ ဒီတော့ နောင်တ ဆိုတာ အလကား ပဲလို့ ငါ မှတ်ချက် ချတယ်။"
"ဒါပေမယ့် မင်းကို တွေ့တဲ့ အခါမှာ 'နောင်တ ဆိုတာ အလကား မဟုတ်ဘူး' လို့ အတွေး ပေါက်ခဲ့ ပြန်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ဟိုတုန်းက မင်း စာရေးတယ် ဆိုတာ သိထားဖူးလို့ မင်းနဲ့ တွေ့ရရင်၊ မင်းနဲ့ စကား ပြောရရင် အလကား ဖြစ်သွားတဲ့ ငါ့နောင်တဟာ လာလတ္တံ့သော လှအောင် လောင်းကလေးတွေ အတွက် တန်ဖိုး မဖြတ် နိုင်သော ပတ္တမြား ရတနာ ဖြစ်အောင် မင်း ဖန်တီး နိုင်လိမ့် မယ်လို့ ငါ ယုံကြည်တယ်၊ ဒါကြောင့် မင်းကို မျက်စိ မှိတ်ပြီး ဇွတ်ခေါ် လိုက်ရတာ။"
"ကဲ …. သွားတော့၊ မင်း မိသားစုတွေ မင်းကို မျှော်နေ ကြလိမ့်မယ်၊ မင်း ငါ့ကို ပြောစရာ ရှိသေးရင် ပြန် အဆင်းမှာ ပြော၊ ငါ ဒီက စောင့်နေမယ်"
လှအောင်က စကားရှည်ကြီး ပြောပြီး စာရေးသူအား နှင်လွှတ် လိုက်သည်။ စာရေးသူက မိသားစုများ စိတ်ပူ နေမည်ကို စိုးသည်က တကြောင်း၊ လှအောင် စောင့်နေဦးမည် ဆိုသည်က တကြောင်း တို့ကြောင့် လှအောင်အား မေးလိုသည့် အချက်အလက် များကို အပြန်မှ မေးမည်ဟု စိတ်ကူးပြီး ရင်ပြင်ပေါ်သို့ တက်လာ ခဲ့သည်။ ဘုရား ဖူးပြီး ပြန်ဆင်း လာသော အခါ လှအောင်အား အရိပ်အယောင် မျှပင် မတွေ့ရ တော့ပေ။
သြော် … နောင်တ ဆိုသည်မှာ အလကား ဆိုပေမယ့် ….
လှအောင်၏ နောင်တ ကိုမူ လှအောင်ကလေးများ အတွက် 'ပတ္တမြား' ဖြစ်ပါ စေသား ….။
ချောင်းဆုံ အုန်းသွင်
စပယ်ဦး မြန်မာ ဝတဉုတို မဂ္ဂဇင်း
၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ။ စာအုပ် အမှတ် (၅၆)
===========================
စပယ်ဦး စာပေ ဖြန့်ချီရေးက ၂ဝဝ၅ ခု၊ စက်တင်ဘာ လမှာ ပထမ အကြိမ် ထုတ်ဝေ ဖြန့်ချီ ခဲ့တဲ့ စပယ်ဦး စာတည်း အဖွဲ့ဝင် တဦး စီစဉ်တဲ့ 'စပယ်ဦး လက်ေ႟ွးစင် မြန်မာ ဝတ္ထုတိုများ (၄)' က ချောင်းဆုံ အုန်းသွင်ရဲ့ "နောင်တ ဆိုသည်မှာ ပတ္တမြား" ကို ပြန်လည် ကူးယူ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။
GoogleCyberSearch
Shared Items
Labels
- ရွှင်မြူးစရာ (3)
- Agri and Fishery (11)
- Art and Literature (2)
- Dhamma - Beliefs (7)
- Earth-Weather-Travel (8)
- Economy-Business-Finance (22)
- Energy (4)
- Fun/Humor (10)
- General (1)
- Health (3)
- History - Politics (11)
- Ideas - Opinions (6)
- IT (22)
- Life Style (7)
- Local (21)
- Society - Community (1)
- Technology (14)
- Travel (4)
- การเกษตร (2)
- ขำขัน (8)
- ท่องเทียว (4)
- เทคโนโลยี (11)
- เทคโนโลยี-วิทยาศาสตร์ (3)
- ธุรกิจ (4)
- บ้า้นและครอบครัว (1)
- ประวัติศาสตร์ (2)
- ปรัชญา - ธรรมะ (10)
- พม่า (11)
- พลังงาน (5)
- ระีนอง - เกาะสอง (25)
- เศรษฐกิจ (10)
- สังคม (9)
- สัตว์น้ำและอาหารทะเล (10)
- สุขภาพ - อาหาร (12)
- ကမ္ဘာမြေ (2)
- ကျန်းမာရေး (8)
- ခရီးသွားခြင်း (5)
- စားဝတ်နေရေး (8)
- စာပေ၊ ယဉ်ကျေးမှု (5)
- စီးပွား၊ကုန်သွယ် (32)
- စိုက်ပျိုးရေး (6)
- ဓမ္မ - ဂမ္ဗီရ (5)
- မိုးလေဝသ (1)
- ပြည်မြန်မာ (13)
- လူမှုဘဝ (8)
- သိပ္ပံနှင့်နည်းပညာ (16)
- သီချင်းများ (2)
- အတွေးအမြင် (6)
- အထွေထွေ (8)
- ဒေသသတင်း (24)
- ရေလုပ်ငန်း (14)
- နိုင်ငံရေး (11)
Contact to Blogmaster at kawthaung@gmail.com
Vistors Stats
Tuesday, June 26, 2007
နောင်တ ဆိုသည်မှာ ပတ္တမြား
Labels: စာပေ၊ ယဉ်ကျေးမှု
Subscribe to:
Post Comments (Atom)
Kawthaung Glimpse 2008
Blog Archive
-
▼
2007
(201)
-
▼
June
(14)
- ကော့သောင်းနယ်စပ်မှ ရေထွက်ပစ္စည်း
- မြန်မာ့လွတ်လပ်ရေးနှင့်မစ္စတာအက်တလီအမြင်
- ဦးနှောက် မုန်တိုင်း ဆင်ခြင်း
- တက္ကသိုလ် ကေဵာင်းသားမဵား သပိတ်၊ ဒုတိယ (၁၉၃၆) and Th...
- ဖြစ်ခဵင်လွန်းသူ
- နောင်တ ဆိုသည်မှာ ပတ္တမြား
- Burmese Authorities Crack Down on Human Trafficking
- လက်ကိုင်ဖုန်းထုတ်လုပ်တော့မယ့် Google
- Global interest rates are clearly on the rise
- Seaweed Aquaculture
- Lobster Export through Kawthaung from Myeik areas
- Ranong Sapanpla Fire
- USB Refrigerator
- Idea Why People go Offshore Company
-
▼
June
(14)
Visitors
Visitor Link
Misc Synopsis
- ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။ လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။ ဂျူး
- ဂန်ဘာရီနဲ့ နအဖ တို့ ရဲ့ ကလေးကလား လုပ်ရပ်များ - နဖအ က ဒေါ်စုကို နေအိမ်မှာအကျယ်ချုပ်ချထားတာ တကမ္ဘာလုံးသိပါတယ်။ ဘယ်လိုနေအိမ်မှာအကျယ်ချုပ်ချထားလဲဆိုရင် အိမ်ရှေ့ တခါးကိုသော့နဲ့ ခတ်ထားတယ်။ ဒေါ်စုခြံဝန်းထဲမှာ စစ်တပ်ချထားတယ်။ ဒေါ်စုကို တွေ့ ချင်တယ်တဲ့သူတွေက သူတို့ က ၀င်စေဆိုတဲ့အမိန့် ရမှာဝင်လို့ ရတယ်။ ဒေါ်စု ရဲ ကျမာရေးကို တာဝန်ခံထားတဲ့ဒေါက်တာတင်မျိုးဝင်းတောင် ၀င်တွေ့ ခြင်တိုင်းဝင်တွေ့ လို့ မရဘူး။ သန်းရွေ ရဲ့ ခွင့်ပြုချက်ရမှဒေါ်စုကိုတွေ့ ခွင့်ရတယ်။ ဒေါ်စုရှေ နေက ဒေါ်စုကို တွေ့ ခြင်တိုင်းတွေ့ လို့ မရဘူး။ အန်အဲလ်ဒီစီအီစီ ဆိုရင်လည်း ဒေါ်စုကို အိမ်မှာတောင်တွေ့ ခွင့်မရကြဘူး။ ဒီလို အခြေအနေမျိုးမှာ ဂန်ဘာရီ ကိုယ်စားလှယ်နဲ့  နအဖ ကိုယ်စားလှယ်က ဒေါ်စုအိမ်ရှေ့ ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် ဂန် ဘာရီက တွေ့ ခြင်လို့ ပါလို့  အိမ်ရှေ့ ကနေ လောစပီကာနဲ့ သွားအော်နေတာ အတော့ကို ကလေးကလားဆန်ပြီ အရူးထတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော်မေးခြင်တာက သူတို့ မှာ ဒေါ်စုအိမ်ကိုခတ်ထားတဲ့သော့ရှိရဲ့ သားနဲ့ ဖွင့်ပြီး ၀င်သွားလိုက်ကြပါလား။ အိမ်ကိုသော့ခတ်ထားတဲ့သူက တခါးဖွင့်ပေးပါလို့ အော်နေတာကတော့ အတောကိုညဏ်နည်းလှကြပါတယ်။ Ko Moe Thee Blog
- အဲဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် ဘာဒါဝီက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပြည်တွင်း ရေး မစွက်ဖက်ရေးမူကို အကာအကွယ်မယူသင့်ဘူးလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အဖွဲ့ကြီးရဲ့ အဓိကမူတရပ်ဖြစ်တဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ပြန်လည်အနက်အဓိပ္ပ္ပ္ပ္ပ္ပါယ် ဖွင့်ဆိုသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ / Dr.LwanSwe
- ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။ / New Era Journal
- Failed States Index 2008 - အားလုံးပေါင်း ၁၂ ခုရှိတဲ့ စံညွှန်းတွေထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစံညွှန်းမှာ အဖိနှိပ်ခံရဆုံး တဖက်စွန်းမှာရောက်နေပြီး ပြည်ပစွက်ဖက်မှုမှာတော့ အစောကရေးသလို အနည်းဆုံးပါ၊ ဒီနှစ်ခုက အများဆုံး နဲ့ အနည်းဆုံး အစွန်းနှစ်ဖက် ရောက်နေတာကလွဲလို့ ကျန်တာတွေက ထိပ်ဆုံးမရောက်တရောက်မှာ။ ၂၀၀၅ တုန်းက ထိပ်ဆုံး ၂၀ ထဲမှာ မြန်မာမပါဘူး၊ ၂၀၀၆ ကျတော့ နံပါတ် ၁၈ နဲ့ အရှေ့တက်လာတယ်၊ ၂၀၀၇ မှာ အဆင့် ၁၄၊ ဟော၊ အခု ၂၀၀၈ မှာ အဆင့် ၁၂ ဖြစ်သွားပြီ။ ဒီလို တနိုင်ငံလုံးချီပြီး ညံ့ဖျင်းနေတာ ဦးဆောင်လမ်းပြနေတဲ့ခေါင်းဆောင် တာဝန်မကင်းဘူး၊ ဒါကြောင့် နိုင်ငံတွေစာရင်းအပြင် ခေါင်းဆောင်တွေရဲ့ စာရင်းကိုလည်း ပြုစုထုတ်ပြန်ထားတယ်။ Degolar
0 comments:
Post a Comment