Tuesday, July 8, 2008

ကော့သောင်းမြို့မှ ငွေလွှဲဒိုင်တွေကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီး

RFA 2008-07-07
ထိုင်းနိုင်ငံမှာရှိတဲ့ မဟာချိုင်၊ ဖူးခက်၊ ဖန်င၊ ခေါင်လတ် စတဲ့ နေရာဒေသတွေမှာ အလုပ်လုပ်ကိုင် နေကြတဲ့ မြန်မာအလုပ်သမားတွေက မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ရှိကြတဲ့ မိမိတို့ရဲ့ နေအိမ်တွေကို တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာရှိတဲ့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေတဲ့ ငွေလွှဲဒိုင်တွေကနေတဆင့် ပို့ဆောင်ပေးနေပါတယ်။ ဒီငွေလွှဲဒိုင်တွေဟာ ထိုင်းနိုင်ငံက ပေးပို့လာတဲ့ ထိုင်း ဘတ်ငွေတွေကို လက်ခံယူပြီး ပို့ပေးရမည့် နေရပ်တွေကို မြန်မာငွေနဲ့ ပြန်တွက်ရောင်းပေးတဲ့ အလုပ်ကို လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။ ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတွေကို ဒေသခံ အာဏာပိုင်တွေကနေပြီး အခုရက်ပိုင်းမှာ လိုက်လံဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကော့သောင်းမြို့မှာ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူ တဦးက ပြောပြပါတယ်။

ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူ တဦး။ ။ ကျနော်ကြားတာကတော့ သုံးလေးရက်လောက် ရှိပြီး၊ ငွေလွှဲလုပ်နေတဲ့လူကို လိုက်ဖမ်းနေတယ်ဆိုတာ ဘာအကြောင်းနဲ့ ဖမ်းတာလဲတော့ မသိဘူး၊ ဖမ်းတော့ ဖမ်းတယ်၊ သူတို့ကတော့ ပြောင်းရွှေ့မှုနဲ့ အဲလိုလုပ်တယ်လို့တော့ ပြောတာပဲ၊ ပြောင်းရွှေ့မှုဆိုတာကတော့ သူတို့ နယ်ချိန်းတာပေါ့၊ အခု ဒီမှာ လာနေတဲ့လူနဲ့ အရင်တုန်းက နေတဲ့လူက ပြောင်းသွားပြီလေ၊ ဗျူဟာမှူးတို့ လဝကတို့၊ အဲဒီမှာ အကုန်လုံးပြောင်းကြတယ်လို့ ပြောတာပဲ၊ ပြောင်းပြီးတယ်ဆို အသစ်ပြန်လာတယ်ဆိုတော့ သူတို့က လိုက်ဖမ်းတာပဲ။

ကော့သောင်းမြို့ကနေ တဆင့် မြန်မာနိုင်ငံကို ငွေလွှဲပေးနေရာမှာ အခုလက်ရှိပေါက်ဈေး အရ ထိုင်းဘတ်ငွေ ၃၅ဝဝ လွှဲလာတာကို မြန်မာငွေ တသိန်းနှုန်းနဲ့ လဲလှယ်ပေးနေတာပါ။ အခုရက်ပိုင်းအတွင်း ငွေလွှဲတဲ့လုပ်ငန်း လုပ်နေသူတွေ ဖမ်းဆီးတာ သုံးဦးလောက် ရှိသွားပြီလို့ သိရပါတယ်။အခုလို လိုက်လံဖမ်းဆီး နေတာတွေကြောင့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒိုင်ကြီးတခိျု့ ပိတ်ထားရသလို တခိျု့ဒိုင်တွေဟာလည်း အဆင်ပြေသလို ကြည့်ရောင်းနေရတယ်လို့ ဆက်ပြောပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေက မြန်မာနိုင်ငံကို ပုံမှန်ငွေပို့ပေးနေတာကြောင့် အရင်ကဆို ငွေလွှဲဒိုင်တခုကို အနည်းဆုံး တရက်ပုံမှန် ထိုင်းဘတ်ငွေ တသိန်း ကနေ နှစ်သိန်းထိ လွှဲပေးနေတာတွေရှိခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်း အဖမ်းအဆီးတွေကြောင့် အခုဆိုရင် တနေ့ထိုင်းဘတ်ငွေ သုံးသောင်းကနေ ငါးသောင်းလောက်ထိသာ လဲလှယ်တာ ရှိတော့တယ်လို့ သိရပါတယ်။

0 comments:

Template by : kendhin x-template.blogspot.com