Wednesday, February 20, 2008

Right Brain v Left Brain သင်ဟာ ဘယ်လို လူမျိုးလဲ ?

ပုံထဲက ကချေသည် မိန်းကလေးကို ကြည့်ကြည့် ပါ။ ဘယ်ဘက်ကို လှည့်နေတာမြင်ရသလဲ။ ဒီမိန်းကလေး လည်နေတာကို မြင်ရတဲ့ လားရာကို လိုက်ပြီး သင်ဟာ ဦးနှောက် ရဲ့ မည်သည့် အခြမ်းကို ပိုအသုံးပြုသလဲ ဆိုတာ ပြောနိုင် ပါတယ်တဲ့။
အကယ်၍ သင်ဟာ မိန်းကလေးကို နာရီလက်တံ လည်နေတဲ့ အတိုင်း မြင်ရရင် သင်ဟာ ဦးနှောက် ညာသန်သမား ဖြစ်ပြီး၊ နာရီလက်တံလည်တဲ့ ဆန့်ကျင်ဘက် ဆိုရင်တော့ ဘယ်သန်သမားပေါ့။ ( ဒီနေရာမှာ လက်ခြေ ဘယ်သန်၊ ညာသန် သမား ကို မဆိုလိုဘူးဆိုတာ သတိပြုပါ။ )

ယေဘူယျ အားဖြင့် ခြုံပြောရရင်တော့ ဦးနှောက် ဘယ်သန်သမား ဟာ ယုတ္တိဗေဒ ကျကျတွေးခေါ်ကြတဲ့ လူတွေ ( စာရင်းကိုင်၊ အင်ဂျင်နီယာ၊ စသည် .... ) ဖြစ်ကြ ပြီး။ ညာသန်သမားတွေ ကတော့ စဉ်းစားဥာဏ်ကွန့်မြူးတဲ့ ဘက်ကို ပိုနှစ်သက်ကြပါတယ်။ နိုင်ငံရေးသမား၊ ဂီတပညာရှင်၊ စသည် ...၊ (ဒီစဉ်းစားတွေးခေါ်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းကို မြန်မာလိုနဲ့ ကိုတာ က စာအုပ်တော်တော်များများ ထုတ်ထားပါတယ်။ စကားချပ်)

ဆောင်းပါးရှင် အဆိုအရ ကျွန်တော်တို့ အများစုဟာ မိန်းကလေးကို နာရီလက်တံ ပြောင်းပြန်လည်နေတဲ့ အနေနဲ့ မြင်ရပါတယ်တဲ့။ (တစ်ခါတစ်လေ မှာကိုယ်မြင်ရတာနဲ့ ဆန့်ကျင်ဘက် ပြောင်းပြန် မြင်ရပေမယ့် လူတစ်ဦးချင်းအလိုက် အမြင်များတဲ့၊ ဦးဆုံးမြင်ရတဲ့ လားရာကို ဆိုလိုတယ်လို့ နားလည်ပါတယ်။) ဒီလောကကြီး မှာ ယုတ္တိဗေဒ ဘယ်သန်သမား တွေ ပိုများသပေါ့နော်။ အကယ်၍သာ ညာသန်သမားတွေ ပိုများခဲ့ရင် ကျွန်တော်တို့ လောကကြီး ဘယ်လိုများနေမလဲ လို့ ကျွန်တော်အတွေး ပိုမိပါတယ်။ အခုတော့ ဘုရားသခင် အလိုတော် အတိုင်းပေါ့နော။

နောက်ဆုံး အနေနဲ့ ကျွန်တော့်စမ်းသက်ချက် လေးကို ဝေမျှ ချင်ပါတယ်။ မြင်ရတဲ့ လားရာကိုပြောင်းဖို့ လွယ်တဲ့နည်းကတော့ ။ ပုံကို လည်တာ ရပ်သွားအောင် မောက်စ်ကို ပုံပေါ်မှာ Left, Right Drag လုပ်ပြီး လွတ်ကြည့်ပါ။ နောက်တစ်နည်းကတော့ ပုံကိုတဝက်တပျက် ပိတ်ပြီး (အပေါ်ပိုင်း) ပြန်ဖွင့်ကြည့်ပါ။ လားရာတစ်ကြိမ် မဟုတ် တစ်ကြိမ် ပြောင်းသွားပါလိမ့်မယ်။

ပြီးတော့ ကျွန်တော့်အတွက်က ပုံတစ်လုံးကြည့်ရင်တော့ မြင်ရတဲ့ လားရာ တစ်ဖက်ရှိတာပေါ့ဗျာ။ ဒါပေမယ့် ပုံအပေါ်ပိုင်းကိုပိတ်ပြီး ကြည့်ရင်တော့၊ ပုံအောက်ပိုင်း က နာရီလက်တံအတိုင်း လည်နေတာ ကို မြင်ရပြီး။ အောက်ပိုင်းပိတ်ပြီး ကြည့်ရင်တော့ အပေါ်ပိုင်း က ညာရီလက်တံပြောင်းပြန် (အများစု) လည်နေတာ ကို မြင်ရပါတယ်။ ဒီတော့ ကျွန်တော့်ဗားရှင်း သီအိုရီ တစ်ခု ထုတ်လိုက်ပါတယ်။ အပေါ်ပိုင်း၊အောက်ပိုင်းသန် သီအိုရီ ပေါ့ဗျာ (အဟမ်း၊ ပုံကလဲ မိန်းကလေးပုံ ဆိုတော့)။ စာဖတ်သူရော အပေါ်ပိုင်းသန်လား၊ အောက်ပိုင်းသန်လား။)

ပျော်ကြပါစေ။


THE Right Brain vs Left Brain test ... do you see the dancer turning clockwise or anti-clockwise?

If clockwise, then you use more of the right side of the brain and vice versa.

Most of us would see the dancer turning anti-clockwise though you can try to focus and change the direction; see if you can do it.

LEFT BRAIN FUNCTIONS
uses logic

facts rule
words and language
present and past
math and science
can comprehend
knowing
acknowledges
order/pattern perception
knows object name
reality based
forms strategies
practical
safe

RIGHT BRAIN FUNCTIONS
uses feeling
"big picture" oriented
imagination rules
symbols and images
present and future
philosophy & religion
can "get it" (i.e. meaning)
believes
appreciates
spatial perception
knows object function
fantasy based
presents possibilities
impetuous
risk taking
REF: HERALDSUN

0 comments:

Template by : kendhin x-template.blogspot.com