Monday, September 8, 2008

ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျောက်တွင် ပင်လယ်ရေမှော်များသဘာဝအလျောက်များစွာပေါက် ရောက်နေ

ရခိုင်ပြည်နယ်ကမ်းရိုးတန်း တစ်လျောက်တွင် ပင်လယ်ရေမှော် များသဘာဝအလျောက်များစွာပေါက် ရောက်လျက်ရှိနေကြောင်းနှင့်ဒေသ တွင်းနိုင်ငံအချို့၌ ပင်လယ်ရေမှော် ကို စိုက်ပျိုးမွေးမြူ၍ ကုန်ချောထုတ် လုပ်ကာ ကမ္ဘာ့ဈေးကွက်သို့ထိုး ဖောက်ပြီး နိုင်ငံခြားဝင်ငွေများရှာဖွေ လျက်ရှိကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်မှထွက်ရှိသည့် ပင်လယ်ရေမှော်များကိုအသုံးပြုလုပ် ကိုင်သည့် ကျောက်ကျောစက်ရုံတစ် ခုကို ၁၉၇၅ ခုနှစ်မှ ၁၉၈၀ ပြည့် နှစ်ဝန်းကျင်က သံတွဲမြို့ပြင်ကျေး ရွာ၌တည်ဆောက်ထုတ်လုပ်ခဲ့ ကြောင်းနှင့်ယင်းအချိန်က ကုန်ကြမ်း ကို ကန့်သတ်ဈေးဖြင့်ပေးဝယ်ခဲ့၍ ရှာဖွေသူနည်းပါးခဲ့ကြောင်း သိရ သည်။ ကမ်းရိုးတန်းဒေသခံများမှာ ပင်လယ်ရေမှော်ကို တစ်ပိုင်တစ်နိုင် သာ ထုတ်လုပ်ရောင်းချနေကြပြီး ကုန်ကြမ်းရရှိမှုအနေ အထားကိုလေ့ လာကာ ဒေသတွင် ကျောက်ကျော စက်ရုံတည်ထောင်နိုင်ပါက ဒေသ တွင်းအလုပ်အကိုင်အခွင့်အလမ်း များလည်း ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း လေ့လာသူများကသုံးသပ် ကြပါသည်။

ရခိုင်ပြည်နယ်တွင် ကျောက် ကျောများကို ရမ်းဗြဲကျွန်း၊ မာန် အောင်ကျွန်း၊ ဖြူကျွန်း၊ စတုကျွန်း၊ ရဲကျွန်း၊ တိုက်ကျွန်း၊ အုန်းတစ်ပင် ကျွန်းများတစ်လျောက် အမြောက် အမြားရရှိနိုင်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ ပင်လယ် ကမ်းရိုးတန်းဒေသများတွင် ပေါက် ရောက်ဖြစ်ထွန်းနေသည့် ပင်လယ် ရေမှော်မျိုးစိတ်ပေါင်း ၃၀၀ ခန့်ရှိ ကြောင်းသိရပြီး ဂျပန်နိုင်ငံသည် ရေ မှော်ကျောက်ပွင့်များကို စိုက်ပျိုး ထုတ်လုပ်၍ ကုန်ချောပြုပြင်ထုတ် လုပ်ရောင်းချလျက်ရှိကြောင်း သိရ သည်။ မြန်မာနိုင်ငံ၌ တနင်္သာရီတိုင်း တွင် ပင်လယ်ရေမှော်မွေးမြူမှုများ ပြုလုပ်နေပြီး ရခိုင်ပြည်နယ်တောင် ပိုင်း ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်များ ၌လည်း လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ကာ မွေးမြူရန်ကြိုးစားသင့် ကြောင်း သိရသည်။

Weekly Eleven သားရွှေဦး (ကစ္ဆပ)

0 comments:

Template by : kendhin x-template.blogspot.com