Ref NEJ/ ၂၁ ဧပြီ ၂၀၀၈ | ||
မြန်မာနိုင်ငံမှ တရားမ၀င် နည်းလမ်းဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တင်သွင်းသည့် မြန်မာဆန်များ | ||
မြန်မာနိုင်ငံမှ ဆန်များကို တရားမဝင် နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုအား ကန့်သတ်ထားသော်လည်း မြန်မာဆန်များ ကားတန်း တရက်ခြား အိတ် (၆ဝဝ) ခန့် ယခုလဆန်းမှ စတင်ကာ ထိုင်းနိုင်ငံတွင် ဆန်ဈေး အဆမတန် ထိုးတက်သွားသောကြောင့် မြန်မာနိုင်ငံမှ ဆန်များကို မြန်မာကုန်သည်များက မဲဆောက်ဒေသအတွင်းသို့ တရားမဝင် ထိုင်းဆန်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာသောကြောင့် ဒေသတွင်း၌ လူဦးရေ (၁) သိန်း ကျော်ခန့်ရှိသည့် မြန်မာအလုပ်သမားများအနက် အများစုက ဈေးသက်သာသော မြန်မာဆန်ကို ဝယ်ယူစားသုံးသောကြောင့် တင်သွင်းခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တဦးက ပြောသည်။ ၎င်းက "ထိုင်းဆန်အကောင်းစား ကီလို (၅၀) ဝင် တအိတ်ကို အရင်က ဘတ် (၁,ဝဝဝ) ပဲ ပေးရတယ်။ အခု (၁,၅၅ဝ) ဖြစ်သွားပြီ။ ဆန်ကြမ်းကအစ အဲလိုတက်သွားတော့ ဒီမှာရှိတဲ့ မြန်မာတွေအတွက် အခက်အခဲရှိတယ်။ မြန်မာပေါ်ဆန်းမွှေးက တအိတ် ဘတ် (၁,ဝဝဝ) ထက်မပိုတော့ မြန်မာဆန်ကိုပဲ ပြောင်းစားကြတယ်" ဟု ပြောသည်။ လက်ရှိ မဲဆောက်သို့ တင်သွင်းနေသည့် ကြာနီ၊ ရွှေနေကြာ၊ ထူး၊ အောင်သပြေ အမှတ်တံဆိပ် မြန်မာဆန်များမှာ ရန်ကုန် ဘုရင့်နောင်ဈေးမှ မြဝတီသို့ တရက်ခြား အိတ် (၆ဝဝ) ခန့်ရောက်ရှိပြီး ညဘက် လူခြေတိတ်ချိန်တွင် နှစ်ဘက်အာဏာပိုင်များအား ပေးကမ်းကာ မဲဆောက်ဘက်သို့ ခိုးသယ်ရကြောင်း အဆိုပါကုန်သည်က ပြောသည်။ မဲဆောက် မယ်ပအထည်ချုပ်စက်ရုံမှ အလုပ်သမ မသင်းသင်းက "အရင်က ထိုင်းဆန်ပဲစားတယ်။ အခုတော့ ဈေးတော်တဲ့ မြန်မာဆန်ကို ပြောင်းစားရတယ်။ ကိုယ်ရတာက တနေ့ ဘတ် (၇ဝ) ပဲ ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဆန်အပြင် တခြားစားသောက်ကုန်တွေလည်း လိုက်တက်လာ မဲဆောက်မြို့တွင် ထိုင်းဆန် အကောင်းစားတပုံး (၅၅ဝ) ဘတ်နှင့် ဆန်ကြမ်း (၃၆ဝ) ဘတ်ခန့် ဈေးပေါက်ပြီး ဖျာပုံပေါ်ဆန်းမွှေး တပုံး (၃၄ဝ) ၊ ကမာကြည် (၂၈ဝ)၊ ပေါ်ကျွဲ (၂၈ဝ) နှင့် ၁၅ စက်ရုံတွင် မုန့်ဟင်းခါးရောင်းသည့် ဒေါ်စိန်က "အရင်က မုန့်ဟင်းခါးတပွဲကို (၅) ဘတ်နဲ့ ရောင်း တယ်။ အခု တပွဲ (၁၀) ရောင်းမှ ကိုက်တော့မယ်။ မုန့်ဖတ်က အရင်က တပိဿာ (၁၈) ဘတ်၊ အခု (၂၇) ဘတ်ဖြစ်သွားပြီ။ မဲဆောက်မှာက ကုန်ဈေးနှုန်းပဲတိုးတယ်၊ အလုပ်ရုံမှာ လခမတိုးဘူး။ ဘယ်လိုအခြေအနေတွေ လာဦးမလဲ မသိသေးဘူး" ဟု ပြောသည်။ မြန်မာအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ ၏ တာဝန်ခံ ကိုသံဒုတ်က "ဆန်နဲ့ စားသောက် ကုန်တွေ ဈေးတက်ပြီး လုပ်အားခ မတိုးဘူးဆိုရင်တော့ ရေရှည်မှာ အလုပ်သမား ပြဿနာတွေ ပိုပြီးတိုးပွားလာနိုင်တယ်" ဟု ပြောသည်။ မဲဆောက်ဒေသအတွင်း စက်ရုံအလုပ်ရုံ (၂၈ဝ) ရှိသည့်အနက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် မဲဆောက်ဒေသတွင်း အနိမ့်ဆုံး လုပ်အားခ (၁၄၇) ဘတ် ပေးသည့် စက်ရုံ မှာ ဟန်ထိုင်း သိုးမွှေးစက်ရုံနှင့် တော့ထောင်းအထည်ချုပ်စက်ရုံ (၂) ရုံသာဖြစ်ပြီး ကျန်အလုပ် ရုံများက ဘတ် (၆ဝ) မှ (၇ဝ) အကြားသာ မြန်မာအလုပ်သမားများအား လုပ်အားခပေးကြောင်း သိရှိရသည်။ |
GoogleCyberSearch
Shared Items
Labels
- ရွှင်မြူးစရာ (3)
- Agri and Fishery (11)
- Art and Literature (2)
- Dhamma - Beliefs (7)
- Earth-Weather-Travel (8)
- Economy-Business-Finance (22)
- Energy (4)
- Fun/Humor (10)
- General (1)
- Health (3)
- History - Politics (11)
- Ideas - Opinions (6)
- IT (22)
- Life Style (7)
- Local (21)
- Society - Community (1)
- Technology (14)
- Travel (4)
- การเกษตร (2)
- ขำขัน (8)
- ท่องเทียว (4)
- เทคโนโลยี (11)
- เทคโนโลยี-วิทยาศาสตร์ (3)
- ธุรกิจ (4)
- บ้า้นและครอบครัว (1)
- ประวัติศาสตร์ (2)
- ปรัชญา - ธรรมะ (10)
- พม่า (11)
- พลังงาน (5)
- ระีนอง - เกาะสอง (25)
- เศรษฐกิจ (10)
- สังคม (9)
- สัตว์น้ำและอาหารทะเล (10)
- สุขภาพ - อาหาร (12)
- ကမ္ဘာမြေ (2)
- ကျန်းမာရေး (8)
- ခရီးသွားခြင်း (5)
- စားဝတ်နေရေး (8)
- စာပေ၊ ယဉ်ကျေးမှု (5)
- စီးပွား၊ကုန်သွယ် (32)
- စိုက်ပျိုးရေး (6)
- ဓမ္မ - ဂမ္ဗီရ (5)
- မိုးလေဝသ (1)
- ပြည်မြန်မာ (13)
- လူမှုဘဝ (8)
- သိပ္ပံနှင့်နည်းပညာ (16)
- သီချင်းများ (2)
- အတွေးအမြင် (6)
- အထွေထွေ (8)
- ဒေသသတင်း (24)
- ရေလုပ်ငန်း (14)
- နိုင်ငံရေး (11)
Contact to Blogmaster at kawthaung@gmail.com
Vistors Stats
Tuesday, April 22, 2008
ဈေးသက်သာသည့် မြန်မာဆန်များ မဲဆောက်တွင် အ၀ယ်လိုက်
Labels: စားဝတ်နေရေး, စီးပွား၊ကုန်သွယ်
Subscribe to:
Post Comments (Atom)
Kawthaung Glimpse 2008
Blog Archive
-
▼
2008
(172)
-
▼
April
(9)
- Download YouTube Video as MP4 file
- ယခုလက်ရှိစီးပွားရေး ဦးတည်ချက်လေးရပ်အား လေ့လာခြင်း -
- ဈေးသက်သာသည့် မြန်မာဆန်များ မဲဆောက်တွင် အ၀ယ်လိုက်
- ထိုင်းမှာသေဆုံးခဲ့သည့် ၅၄ ယောက်အမှုမှာ ကော့သောင် အာ...
- တိုင်းပြည်က ဆင်းရဲ စစ်အစိုးရကတော့ အိတ်ဖောင်း
- မြန်မာစီးပွားရေးတိုးတက်မှုနှုန်း စစ်အစိုးရမှန်းသည်ထက...
- ဈေးပေါသော မြန်မာဆန်ကို စင်ကာပူ အစားထိုးတင်သွင်း
- လှေကလေး
- POWERCUBE: Rock-Solid Solar Generator To-Go
-
▼
April
(9)
Visitors
Visitor Link
Misc Synopsis
- ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။ လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။ ဂျူး
- ဂန်ဘာရီနဲ့ နအဖ တို့ ရဲ့ ကလေးကလား လုပ်ရပ်များ - နဖအ က ဒေါ်စုကို နေအိမ်မှာအကျယ်ချုပ်ချထားတာ တကမ္ဘာလုံးသိပါတယ်။ ဘယ်လိုနေအိမ်မှာအကျယ်ချုပ်ချထားလဲဆိုရင် အိမ်ရှေ့ တခါးကိုသော့နဲ့ ခတ်ထားတယ်။ ဒေါ်စုခြံဝန်းထဲမှာ စစ်တပ်ချထားတယ်။ ဒေါ်စုကို တွေ့ ချင်တယ်တဲ့သူတွေက သူတို့ က ၀င်စေဆိုတဲ့အမိန့် ရမှာဝင်လို့ ရတယ်။ ဒေါ်စု ရဲ ကျမာရေးကို တာဝန်ခံထားတဲ့ဒေါက်တာတင်မျိုးဝင်းတောင် ၀င်တွေ့ ခြင်တိုင်းဝင်တွေ့ လို့ မရဘူး။ သန်းရွေ ရဲ့ ခွင့်ပြုချက်ရမှဒေါ်စုကိုတွေ့ ခွင့်ရတယ်။ ဒေါ်စုရှေ နေက ဒေါ်စုကို တွေ့ ခြင်တိုင်းတွေ့ လို့ မရဘူး။ အန်အဲလ်ဒီစီအီစီ ဆိုရင်လည်း ဒေါ်စုကို အိမ်မှာတောင်တွေ့ ခွင့်မရကြဘူး။ ဒီလို အခြေအနေမျိုးမှာ ဂန်ဘာရီ ကိုယ်စားလှယ်နဲ့  နအဖ ကိုယ်စားလှယ်က ဒေါ်စုအိမ်ရှေ့ ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် ဂန် ဘာရီက တွေ့ ခြင်လို့ ပါလို့  အိမ်ရှေ့ ကနေ လောစပီကာနဲ့ သွားအော်နေတာ အတော့ကို ကလေးကလားဆန်ပြီ အရူးထတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော်မေးခြင်တာက သူတို့ မှာ ဒေါ်စုအိမ်ကိုခတ်ထားတဲ့သော့ရှိရဲ့ သားနဲ့ ဖွင့်ပြီး ၀င်သွားလိုက်ကြပါလား။ အိမ်ကိုသော့ခတ်ထားတဲ့သူက တခါးဖွင့်ပေးပါလို့ အော်နေတာကတော့ အတောကိုညဏ်နည်းလှကြပါတယ်။ Ko Moe Thee Blog
- အဲဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် ဘာဒါဝီက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပြည်တွင်း ရေး မစွက်ဖက်ရေးမူကို အကာအကွယ်မယူသင့်ဘူးလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အဖွဲ့ကြီးရဲ့ အဓိကမူတရပ်ဖြစ်တဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ပြန်လည်အနက်အဓိပ္ပ္ပ္ပ္ပ္ပါယ် ဖွင့်ဆိုသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ / Dr.LwanSwe
- ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။ / New Era Journal
- Failed States Index 2008 - အားလုံးပေါင်း ၁၂ ခုရှိတဲ့ စံညွှန်းတွေထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစံညွှန်းမှာ အဖိနှိပ်ခံရဆုံး တဖက်စွန်းမှာရောက်နေပြီး ပြည်ပစွက်ဖက်မှုမှာတော့ အစောကရေးသလို အနည်းဆုံးပါ၊ ဒီနှစ်ခုက အများဆုံး နဲ့ အနည်းဆုံး အစွန်းနှစ်ဖက် ရောက်နေတာကလွဲလို့ ကျန်တာတွေက ထိပ်ဆုံးမရောက်တရောက်မှာ။ ၂၀၀၅ တုန်းက ထိပ်ဆုံး ၂၀ ထဲမှာ မြန်မာမပါဘူး၊ ၂၀၀၆ ကျတော့ နံပါတ် ၁၈ နဲ့ အရှေ့တက်လာတယ်၊ ၂၀၀၇ မှာ အဆင့် ၁၄၊ ဟော၊ အခု ၂၀၀၈ မှာ အဆင့် ၁၂ ဖြစ်သွားပြီ။ ဒီလို တနိုင်ငံလုံးချီပြီး ညံ့ဖျင်းနေတာ ဦးဆောင်လမ်းပြနေတဲ့ခေါင်းဆောင် တာဝန်မကင်းဘူး၊ ဒါကြောင့် နိုင်ငံတွေစာရင်းအပြင် ခေါင်းဆောင်တွေရဲ့ စာရင်းကိုလည်း ပြုစုထုတ်ပြန်ထားတယ်။ Degolar
0 comments:
Post a Comment