by author နေဝင်းမြင့်
ထိုနေ့နံနက်ခင်းမှာ ထူးဆန်းမှုရှိလေသည်။ ကာဘန်းလှေကလေးတစင်းသည် ပါချန်းမြစ်၏ လက်ဝဲဘက် ကမ်းပါးအတိုင်း
တရွေ့ရွေ့ ဆန်တက် နေသောကြောင့် ဖြစ်၏။ ဆလုံလှေကလေးများကို ကာဘန်းဟု ခေါ်လေသည်။ ယခု ကာဘန်းကလေးပေါ်တွင် အသက်နှစ်ဆယ်အရွယ် ဆလုံကလေးတဦးသာ ပါလေသည်။ ဆလုံကလေးသည် အထီးကျန်ဆန်၏။ သူ့စိတ်သည်လည်း တကိုယ်တည်း လွင့်ချင်မျောချင်သော သဘောရှိလေသည်။ ယခုသူဆန်တက်နေသော အရပ်တွင် လှပသည့်ပန်းပွင့်ပန်းခင်းများ မရှိသလောက် ရှားပါးစပြုပြီး အုန်းပင်နှင့်ကွမ်းသီးပင်များသာ တွေ့ရ၏။ 'ကမ်းစပ်မှာပြေးလွှားနေတဲ့ ခွေးတကောင်လောက် တွ့ချင်လိုက်တာ...ငါ့လှေမှာ ခွေးမပါတာ လှေနဲ့မတူသလိုပဲ..' ဟု ရင်ထဲတွင် နာကျင်မှုတခုရှိနေလေသည်။ .. ခွေးတကောင်မျှမပါလျှင် ကာဘန်းမပီသပေ.. ကာဘန်းပေါ်တွင် ခွေးပါမှ ကာဘန်းပီသသည်..ဟု ဆလုံတိုင်းရင်းသားတိုင်း ယူဆမှုရှိကြသည်.. ထို့ကြောင့် ဆလုံလှေတိုင်းလိုလိုပင် လှေဦးတွင် ခွေးကို တင်ထားကြလေသည်.. ''တချိန်ကတော့ ငါတို့ကာဘန်းပေါ်မှာ အဖေရယ် ငါရယ် အတူတူနေခဲ့ကြ ဖူးပါရဲ့. ဒါပေမယ့်.... ''သူသည် ဆက်မတွေးရဲတော့ပေ။ လှေ၏ လှော်တက်ကို ကြမ်းတမ်းသော လက်ဖဝါးဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထား လိုက်မိလေသည်။ ကာဘန်းလှေကလေးသည် ပါချန်းမြစ်ကွေ့ တနေရာသို့ ရောက်ခဲ့ပြီ။ ထိုနေရာသည် 'မရမ်း' ဖြစ်၏။ ဆလုံကလေးသည် လှေပေါ်တွင် ဒူးထောက်ရင်း မြစ်ရေပြင်မှ ရေကို လက်ဖဝါးဖြင့် ထပ်ရ်ျ နမ်းကြည့်ပြီးလျှင်လျှာဖြင့် လျက်ကြည့်နေသည်။ ထို့နောက် သူသည် လှေပေါ်မှာ မြေအိုးကလေးကို ယူရ်ျ မြစ်ရေကို အပြည့်ခပ်ယူပြီးလှေပေါ် တင် ထားလိုက်လေသည်။ 'မရမ်' သည် ပါချန်းမြစ်တွင် ရေချိုနှင့် ရေငန်ကို နယ်ခြားမျဉ်း သတ်မှတ်ပေးသော သဘာဝရေချိုနယ်မြေ မဟုတ်ပါလား.ရေချိုနေပေပြီ။ သောက်ရေရပြီ။ သူ့လှေကလေးသည် ကော့သောင်နှင့် မိုင်သုံးဆယ်ကျော်မျှ ခရီးပေါက်ခဲ့လေပြီ။ဝမ်းဆာလာသဖြင့် မျက်နှာပိတ် ခရုကို ရေနွေးဖြင့် ပြုတ်ထားသောအိုးကလေးကို ဖွင့်၍ ခရုအသားနွှင်ကာ စားရလေသည်။သူ့လှေကလေး 'နာလီချမ်း' ရွာအနီးသို့ ရောက်သောအခါ ရေဆင်းခပ်နေသော ရွာသူရွာသား တချို့က တအံ့တဩငေးမော ဝေဖန် ပြောဆိုကြလေသည်။ ရေချိုရှိရာအရပ်သို့ လာသော ဆလုံလှေနှင့်ဆလုံကလေးကို တွေ့၍ အံ့အားသင့်မိကြခြင်း ဖြစ်လေသည်။ နာလီချမ်းသည် ပါချန်းမြစ်ဖျားပိုင်းဖြစ်၏။ ကော့သောင်မြို့မှ မိုင်လေးဆယ်ကျော် အရပ်တွင် ရှိလေသည်။''ကြည့်စမ်း..နာလီချမ်းရွာက လူတွေ ငါ့ကို ငေးကြည့်နေကြတယ်..သူတို့က လူချောလူလှတွေ ပဲ.. ငါ့ အသားတွေကတော့ နေလောင်ပြီး နီရဲ အက်ကွဲကြမ်းတမ်း လိုက်တာလေ.ငါ့ပါးစပ်ထဲက လျှာတွေတောင်မှ ညှီစော် နံနေတာကြည့်။ ငါ့းပြုတ်..ငါးကင်.. ခရုပြုတ်..ကမာပြုတ် ၊ရှပ်ကင်နဲ့ ဆန်ကြမ်း ရေခမ်းချက်.. အဲဒါ.. အဲဒါတွေနဲ့ ဘဝကို တည်ဆောက်ခဲ့ရတာ မဟုတ်လား..တခါတခါ ကျွန်းတကျွန်းရောက်လို့ လှေမှာမွေးထားတဲ့ ခွေးက အနံ့ခံကောင်းအမဲလိုက်ကောင်းမှ မျောက်သားနဲ့ဖွတ်သား..လိပ်သား .လိပ်ဥတွေစားရတာ..ဒါပေမယ့် ငါ့ကိုယ်ငါ ချစ်တယ်.. ငါ့ရဲ့ တိုင်းရင်းသားတွေကို ချစ်တယ်.. ငါတို့ဆလုံလူမျိုးဟာ ကျောက်ရောဂါနဲ့ ကျောက်ပေါက်မာ မရှိတဲ့လူမျိုး..ပင်လယ် ဆားငန်ရေတွေက တောတောင် သစ်ပင်တွေက ငှက်ဖျားနဲ့ဒူလာသွေးဝမ်း ..မီးယပ်သွေးဝမ်း.. ဝေဒနာကလွဲပြီး တခြား ဝေဒနာတွေ ဘာတခုမှ ငါတို့ကို လက်ဆောင်မပေးဘူး ..''.. ဟု လှေပေါ်တွင် မတ်တပ်ရပ်ရင်း သူ ခံစားမိလေသည်။သူ့ ခန္ဓာကိုယ်ပေါ်တွင် အမြှောင်း အမြှောင်းထနေသော ကြွက်သားအစိုင်အခဲကြီး များကိုလည်း ပိုမို၍ သူ အားကိုးမိလေသည်။ ''မင်း ဘာလာလုပ်လဲ..ဘယ်သွားမလဲ'' ဟု နာလီချမ်း ရွာသားတယောက်က လှေဆိပ်တွင် သူ့လှေအနီး ချဉ်းကပ်၍လက်ဟန် ခြေဟန်ဖြင့် မေးလေသည်။မေးနေသူမှာ မြန်မာ တယောက်ပင်ဖြစ်၏။ စိတ်သဘောထား ပြည့်ဝကောင်းမွန်ပုံလည်း.. မျက်နှာမှာ ပေါ်လွင်နေလေသည်။ တခုခု အကူအညီပေးမည့် အနေအထားမျိုးပင်ဖြစ်သည်။''ဆေ့..အမ်း.နာလီချမ်း''သူသည် တဖက်သား နားလည်မည် မဟုတ်သော ဆလုံးစကားဖြင့် ''ဒီဟာ နာလီချမ်း ရွာလား'' ဟု မေးလိုက်မိသည်။.. ..နာလီချမ်းရွာသားကို နာလိချမ်း. .နာလီချမ်း.. ဟု ရွာသားက ပြန်ပြောလိုက်သဖြင့် သူ့ရင်ထဲတွင် လှုပ်ရှားသွားသည်။ သူသည် မြစ်တဖက်ကမ်းသို့ လက်ညိုးထိုးပြ လိုက်မိပြန်သည်။ ''ထပ်ဘလီ.. ထပ်ဘလီ ..ထစမ်း..'' ဟု ဝမ်းသာအားရ လှမ်းပြောတာကို နာလီချမ်းရွာသားသည် နားမလည်တော့သလိုဖြင့် ခေါင်းခါလိုက်ပြီး မြစ်ရေ တပုံးဆွဲကာ ကမ်းပေါ်သို့ တက်သွားလေတော့သည် . . သူသည် အဝေးဆုံး မှုန်ဝါးဝါး အရပ်ရှိ ထပ်ဘလီ ရွာကို ငေးကြည့်နေမိသည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည် ရစ်ဝဲလာလေသည်။ သူ့ရင်ထဲတွင် ပြောချင်တာတွေ..မေးချင်တာတွေ..စုံစမ်းချင်တာတွေ က အများကြီးပဲ..ခုတော့ ငါ့စကားငါတယောက်တည်းသိ.. သူများမသိတဲ့ အရပ်ဒေသမှာ ငါမေးချင်တာတွေ ငါပြောချင်တာတွေ ငါစုံစမ်းချင်တာတွေ.. ရေထဲကိုနေဝင်သွားသလိုပဲ မှောင်သွားပြီဟု ကြိတ်မှိတ်ခံစားရလေသည်။ အဲသလိုနဲ့ ငါဟာ ငါ ရောက်ချင်တဲ့ ထပ်ဘလီ ရွာကို မရောက်ခဲ့သလို ငါ တွေ့ချင်တဲ့ လူတယောက်နဲ့လည်း မတွေ့ခဲ့ရပါဘူး.. နာလီချမ်းရွာမှ လှေပြန် အလှည့်မှာ မထင်မှတ်ဘဲ ငါ့ဘဝအတက် လက်ဆောင် ရခဲ့တာကတော့ မင်းလေ။မင်းဟာ အဲဒီရွာက ခွေး တကောင်ပါပဲ.. မြစ်ကမ်းစပ်မှာ ရေဆင်း ချိုးနေကြတဲ့ အရက်မူးသမား ကာလသားတစုဟာ လက်ကျန် မရှိတော့တဲ့ မဲခေါင် အရက်ပုလင်းတွေကို ရေထဲ ပစ်ပေါက် ဆော့ကစားလို့ အားမရတော့ ကမ်းစပ်သောင်ပြင်မှာ ပြေးလွှားနေတဲ့ မင်းကိုဝိုင်းဖမ်းပြီး ရေထဲကို လွှင့်ပစ်ကြပြန်တယ်.. မင်းဟာကြောက်လန့်တကြား နဲ့မောဟိုက် ပင်ပန်းစွာ ငါ့ရဲ့ ကာဘန်းလှေကလေး ရှိရာကို ကူးလာတုန်း မင်းကို ငါကလှေပေါ် ဆွဲတင် ထားလိုက်မိတာပဲ.. မင်းနဲ့ငါ သူငယ်ချင်းစဖြစ်တဲ့ ညနေခင်းဆိုပါစို့.. မင်းဟာ ငါ့ရဲ့ ကာဘန်းလှေကလေး ပါချန်းမြစ် အတိုင်း စုန်ဆင်းပြီး ရေချိုရေငန်စပ် 'မရမ်း' ရောက်တဲ့ အထိ ငါနဲ့ အတူ ပါလာခဲ့တယ်.. မရမ်းကမ်းခြေမှာ မင်းကို ငါချထားခဲ့ဖို့ ကြိုးစားပါသေးတယ်.. ဒါပေမယ့် မင်းက ငါ့ကို မခွဲနိုင်တော့ဘူးထင်ပါရဲ့.. ငါ့နောက် ဇွတ်အတင်း ပြေးလိုက် လာပြန်တယ်..ဒါကြောင့် မင်းကို ငါ ကာဘန်းပေါ် ပြန်တင်ခဲ့ရတယ်.. ခုတော့ မင်းဟာ ပင်လယ် ဆားငန်ရေတွေ.. လှိုင်းဂယက်တွေ .. မိုးသက်လေပြင်းတွေ.. ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်ကြားမှာ ငါနဲ့အတူ မခွဲမခွာထာဝရ လက်တွဲခဲ့ပြီပေါ့.. ငါ့ဘဝအတက် မင်းကို အထူးပဲကျေးဇူးတင်ပါတယ်ကွာ'' သူသည် လှေဦးတွင် ထိုင်ရင်းခွေးကြီးကို ပွေ့ဖက်လျက် တိုးတိုးကလေး ရေရွတ် နေမိလေသည်။ ယခုအချိန်တွင်မူ သူသည် ခွေးကို အထူးပင်ချစ်ခင်နေမိလေပြီ။ ခွေးမှာလဲ အတော်ပင် လှေသက် ရေသက် ရင့်ကျက်ခဲ့ပေပြီ။ ထွားကျိုင်း သန်မာနေပြီ။သူတို့လှေကလေး အပါအဝင် ဆလုံကာဘန်းလှေ အုပ်စုတစုသည် ကျောင်းတန်းလဝန်းရွေးစေ့ အမည်ရှိ အော်အတွင်းတွင် မျက်နှာပိတ်ခရု ဆင်းငုပ် နေကြလေသည်။ သူ့လှေမှာထူးဆန်းမှုတခုရှိ၏။ လှေပေါ်တွင် မိန်းမ မရှိခြင်းပင်ဖြစ်လေသည်။ တခြားလှေများတွင် ခွေး၊ ရေအိုး၊ ထမင်းအိုး၊ မီးဖို၊ ထင်းစည်း၊ ကပ်ပါးခေါ် ပုဆိန်ငယ်၊ အဘွားအို၊ အဘိုးအို၊ သား၊ သမီး၊ သမက်၊ ချွေးမ၊ ကလေးငယ် စသည်ဖြင့် ရှု့ပ်ရှုပ်ထွေးထွေး ရှိလှ၏။ သူသည် လှေပေါ်သို့ မိန်းမ မတင်လိုသေးပေ၊ တင်လိုသော ဆန္ဒရှိက တခြား ကာဘန်းများတွင် အပျိုမ ကလေးများ ရှိနေလေသည။် ဆလုံအမျိုးသမီးများသည် အနီရဲရဲကို အလွန်ပင်နှစ်သက်ကြ၏။ အနီရောင်ပန်းပွင့် ရဲရဲပါသော ပိတ်စများကို အထက်ဆင်မတပ်ဘဲ ဝတ်လေသည်။ အပျိုမကလေးများ၏ ထူးခြားချက်မှာ ဆံပင်တွင် အနီရောင် ပိတ်စ ရှည်ရှည်တခု ချည်နှောင် ထားလေ့ရှိခြင်းပင်။ '' ကျွန်းတကျွန်း ရောက်လို့ ကျွန်းပေါ်ခဏတက်ပြီး ခွေးနဲ့ အမဲ လိုက်တဲ့အခါ.. ထင်းတက်ခုတ်တဲ့အခါ.. မကြာခဏ အပျိုမကလေးတွေနဲ့ဆုံတွေ့ရတတ်စမြဲပါပဲ.. ..ငါ့အဖေနဲ့ငါ့အမေဟာ ငါ့ကိုမမွေးခင် ကျွန်းတကျွန်းပေါ်မှာ အတူတကွ ဆုံတွေ့ကြတယ်. ပြီးတော့ ကာဘန်းလှေကလေးရဲ့ပေါင်းမိုးအောက်မှာ နှစ်ပေါင်းများစွာ အတူတကွ နေကြတယ်.. ငါဆိုတဲ့ လူသားတယောက်လည်း လှေပေါ်မှာ မွေးဖားခဲ့ရတယ်.. မွေးဖားခြင်းမှာ ငါတို့ လူမျိုးဟာ ရဲရင့်တယ်.. သတ္တိကြီးမားသော မိခင်စိတ်ဟာ လှိုင်းလုံးတွေကို ကျော်လွှားစိုးမိုးနိုင်တယ်.. အကူအညီ အထောက်အပံ့မဲ့ ကိုယ်ထူကိုယ်ထ မွေးဖား သန့်စင်ခြင်းမျိုးလဲ ဖြစ်တယ်.. စိတ်ဝင်စားစရာ အကောင်းဆုံး အသက်ရှင် ရယူခြင်းလည်းဖြစ်တယ်.. ငါ့တို့အမေဟာ ငါ့ချက်ကြိုးကို အဖေ့ကို ဖြတ်စေတယ်.. ကျန်တဲ့ အချင်းနဲ့ချက်ကြိုးကို ကိုင်ပြိး အမေဟာ နာရီ မဆိုင်းဘဲ ဆားငန်ရေထဲကို ခုန်ဆင်း သွားရတယ်.. လှေပေါ်ကို အမေ ပြန်တက်လာတော့ အမေ့မျက်နှာမှာ အပြုံးတခုက လွဲပြီး ဘာမျှ ပြန်ပါမလာတော့ဘူး..(အချင်းကို ပင်လယ်ရေအောက်မှာ မြုပ်လေ့ ရှိကြတယ်.. လို့ ဆိုလိုချင်ဟန် ရှိပါတယ်..) မွေးဖားပြီးစငါ့ကိုလည်း ဆားငန်ရေနဲ့ပဲ သန့်စင်ပေးကြတယ်.. ခြေဖဝါး ကျယ်ကျယ် ကားကား ပြန့်ပြန့် ကလေးတွေနဲ့ လှေပေါ်မှာ မတ်တပ်ရပ်နိုင်တဲ့ အရွယ်ရောက်တော့ ကလေးတို့ဘာဝ ငါဟာ ကစားကွင်းတဲကို ခုန်ဆင်းခဲ့မိတယ်.. ငါ့ရဲ့ ကစားကွင်းဟာ အကျယ်ကြီးပဲ.. လှပတဲ့ရေမှော်ပင်.. သန္တာ.. ကျောက်ခက်တွေနဲ့ငါးရောင်စုံကလေးတွေက ငါ့ဘဝအတက် ပန်းဥယျာဉ်နဲ့သူငယ်ချင်းတွေပေါ့.. လူပျိုပေါက် အရွယ်ရောက်တော့ ကြိုးအနီရောင်ကိုဖုထုံးကလေးတွေထုံးပြီး လည်ပင်းမှာ ဆွဲရတာ လှတယ်လို့ သတ်မှတ်မိတယ်.. ခရုရောင်စုံလေးတွေကို ဆွဲရတာ လှတယ်.. လို့ ထင်မိတယ်..အဖေနဲ့အမေတွေဟာ လှေပေါ်မှာ သားသမီးတွေကို မွေးဖားပေးကြတယ်.ပြီးတော့ သူတို့က ကျွန်းပေါ်မှာ နေရစ်ခဲ့ကြတာပဲ..တဲ့..ဒါဟာ ရင်နင့်စရာ အကောင်းဆုံး သင်္ခါရတခုပေါ့.. ငါ့ဘဝမှာ ပထမဦးဆုံး အမေ့ကို စွန့်လွှတ်ခဲ့ရတယ်.. အမေငှက်ဖျားဖြစ်တယ်.. ပြီးတော့ လှေပေါ်မှာ အမေ ကွယ်လွန်တယ် .. အမေ့ရုပ်အလောင်းကို 'လာပဒါ' ဆိုတဲ့ ကျွန်းနဲ့သိပ်မဝေးတဲ့ ကျွန်းငယ်ကလေး တကျွန်းပေါ်မှာ မြှုပ်နှံ သဂြိုဟ်ခဲ့ ရတယ်.. ငါတို့ ဆလုံ တိုင်းရင်းသားတွေရဲ့ မြုပ်နှံသင်္ဂြိုလ် မှုဟာ ထူးဆန်းတယ်လို့ ဆိုမယ်ဆိုရင် ဆိုနိုင်ပါရဲ့.. အမေ့ကို မြေမြုပ်တော့ အနီရောင် ပန်းပွင့်ပါတဲ့ ပိတ်စတွေ တွင်းထဲ ပစ်ချကြတယ်.. ပစ်ချတဲ့အထဲမှာ ဆန်အရက် တပုလင်းလည်းပါရဲ့.. လက်ဆုပ်ခရု သုံးလေးလုံးလည်းပါရဲ့.. အို..ဒါနဲ့ပဲ အမေဟာ အဲဒီ ကျွန်းကလေးမှာ ကျန်ရစ်ခဲ့တော့တယ်.. ငါတို့ ဆလုံ လေအှုပ်စုဟာ ကျွန်းတကျွန်းပေါ်မှာ လူတယောက်ကို မြုပ်နှံပြီးရင် အဲဒီကျွန်းမှာ ဘယ်သူမှ မနေကြတော့ဘဲ အုပ်စုလိုက် အခြား ကျွန်းတကျွန်းကို နေရာရွှေ့ပြောင်းကြပါတယ်.. အမေလှေပေါ်မှာ မရှိတော့တဲ့အခါ.. အဖေရယ်..ခွေးတကောင်ရယ်.. ငါရယ်၊လှေပေါ်မှာ ကျန်ခဲ့ကြတယ်..ဒါပေမယ့် အဖေနဲ့ ခွေးဟာ တနေ့မှာ ငါ့ကို စွန့်ခွာ သွားပြန်တယ်လေ..
'သူသည် ရင်ခွင်ထဲတွင် ထွေးပိုက် ထားဆဲဖြစ်သော နာလီချမ်းရွာမှ ခွေးကြီးကို ငုံ့ကြည့်ရင်း တွေးချင်ရာ တွေးနေမိလေသည်။ ခွေး၏ကိုယ်ငွေ့မှာအထူးပင်နွေးထွေးလေသည်။ နှစ်ကာလ အတန်ကြာ ပင်လယ်ထဲမှာ အတူနေလာခဲ့ကြပြီမို့ နာလီချမ်း ခွေးကြီးသည်လည်း သခင်၏ ကိုယ်ငွေ့ကို အထူးတိုးဝှေ့မှေးစက် ခံစား နေရှာလေသည်။ သူသည် ခွေး၏ နဖူးပြင်ကို ညင်သာယုယစွာ ပွတ်သပ် ပေးနေမိ၏။ ''အခုငါ့ရင်ခွင်ထဲမှာ ရောက်နေတဲ့ မင်းကလည်း ဘယ်အချိန်မှာ ငါ့ကို စွန့်ခွာသားဦးမှာလဲ'' ဟု သံသယဖြစ်စွာ မေးနေမိလေသည်။ '' အရင် ခွေးကြီးတုန်းကလည်း အဖေ နဲ့ငါ ကော့သောင်မှာ ကမာနဲ့ဆန်သွား လဲတုန်းက လူတယောက်က ခဏငှားလိုက်ပါ.. တလကြာရင် ပြန်လာပေး မယ်..လို့ပြောပြီး ယူသွားတာ.. အဲဒီလူဟာ လူမျိုးခြားတယောက်ပဲ.. ငါ့တို့ကို ဆလုံလို့ မခေါ်ဘဲ ချော်နမ်းလို့ အော်ခေါ်ကတည်းက လူမျိုးခြားဆိုတာ တို့သိပြီပေါ့ကွာ. သူက ငါ့တို့စကားလည်း တော်တော်လေးပဲ ပြောနိုင်တယ် ..သူက ငါတို့ ခွေးကြီးကို အရမ်း သဘောကျပြီး အရမ်း လိုချင်နေတော့ သူ့လှေမှာ ပါလာတဲ့ စားစရာတွေ ငါတို့ ကိုအတင်းပေးတော့တာပဲ.. အဖေ့ကို အဲဒီလူက ဘာပြောသွားသလဲ ဆိုတော့ သူဟာ ပါချန်းမြစ်ဖျားတဘက်ကမ်းက ထပ်ဘလီရွာမှာ နေတဲ့အကြောင်း .. ဒီခွေးကြီးနဲ့ အမဲလိုက်ဖို့ ခဏယူသွားမယ့်အကြောင်း ပြန်လာပေးမယ့် အကြောင်း ပြောတာ ငါတို့က ယုံကြည်မိတာပေါ့.. အဖေ ကလည်း သိပ်ရိုး.. သိပ် အတာပဲကွာ.. ငါလည်း အဖေ့ သားပဲ.. အဖေ့လိုပဲပေါ့.. အဖေ သေတဲ့အထိ ငါတို့ခွေး ကို ပြန်လာ မပေးတော့ဘူးဟေ့.. အဖေသေပြီးနောက်ပိုင်း ကော့သောင်ဆိပ်ကမ်း တဝိုက် လှေနဲ့တခါနှစ်ခါ ငါ သွားသေးတယ်.. ထပ်ဘလီက လူကို ရှာတာပေါ့ကွာ.. တော်တော့ဟေ့..တော်တော့။ မိုက်မိုက်ကန်းကန်းနဲ့ ငါပါချန်မြစ်ဖျား နာလီချမ်းအထိ လှေနဲ့ တက်သွားတော့မှ ထပ်ဘလီဆိုတာ အတော်ဝေးမှန်းသိရတော့တယ်..တော် ပါသေးရဲ့ နာလီချန်းက အပြန်မှာ ဟိုခွေးကြီးအစား မင်း ကို ရခဲ့လို့ပေါ့..ငါတို့ဆလုံလူမျိုးတွေဟာ ခွေးနဲ့ပတ်သက် လာရင် ဘယ်အထိ သံယောဇဉ် အင်အား ကြီးမားတယ် ဆိုတာ သိလောက်ရောပေါ့.. ခွေးကြီးကို ပေးလိုက်မိတဲ့ အတွက်..သူ့ကိုယ်သူ မှားမှန်းသိတဲ့ ငါ့ အဖေဟာ တနေ့တခြား မစားနိုင်မအိပ်နိုင် စိတ်ထောင်းကိုယ်ကြေ တမှိုင်မှိုင်တတွေတေ ဖြစ်ရာက ကိုယ်တွင်း ရောဂါတခုကလည်း ဖိစီးလာပြန်တယ်.. အဖေဟာ လှေပဲ့မှာ ထိုင်ရင်း အစာ ဟောင်းစွန့်တယ်..အဖေဟာ ဒူးတွေ တဆတ်ဆတ်တုန် ..နဖူးမှာ ချွေးတွေ စို့လာပြီး ရေပြင်ပေါ်မှာ ကွက်ခနဲ ကွက်ခနဲစက်ဝိုင်းဂယက် ပြန့်ပြန့်သွားတဲ့ သွေးကက်တွေ ကို ငုံ့ကြည့်နေတာ ငါကြုံတွေ့ရတယ်.. ငါတို့ ကာဘန်း လှေ အုပ်စုတွေမှာ ဆေးဆရာဆိုတာ မရှိဘူး.. ဒါပေမယ့် ငါဂုဏ်ယူတာ တခုရှိတယ်..ငါတို့ ဆလုံတွေဟာ တလှေ နဲ့တလှေ တဦးနဲ့တဦး ထိခိုက်နာကျင်အောင် လုပ်ရိုးထုံးစံ မရှိသလို ခိုးခြင်း.. ဝှက်ခြင်း.. သူတပါး သားမယားပြစ်မှားခြင်း. ဆဲဆိုခြင်း.. အတင်းပြောခြင်း.. ခိုက်ရန် ဒေါသဖြစ်ခြင်း..လက်နက်မဲ့ ယှဉ်ပြိုင်သတ်ပုတ်ခြင်း.. လက်နက်နဲ့နိုင်ထက်စီးနင်း ခုတ်ထစ်ရက်စက်ခြင်း ဆိုတာ ဒီနေ့အထိ မရှိတဲ့ အချက်အတွက် ငါဂုဏ်ယူမိတယ်.. အမှုတခုအတွက် ဘယ် တရားရုံးကိုမှ ငါတို့အုပ်စု သွားခဲ့ ရတဲ့ ထုံးစံမရှိဘူး.. ဒါကြောင့် အဖေရဲ့ သေခြင်းတရား ဟာ အေးချမ်း တိတ်ဆိတ်စွာနဲ့ လှေပေါ်မှာပဲ ပြီးဆုံးခဲ့တယ်.. လူသူကင်းမဲ့တဲ့ ကျွန်းကလေး တကျွန်းပေါ်မှာ
အဖေ့ကို မြုပ်နှံပြီး ငါတို့ ကာအန်းအုပ်စုဟာ တနေရာကို ပြောင်းရွှေ့ခဲ့ရပြန်တယ်.. ဒါကြောင့် ငါစဉ်းစားမိတယ် .. ငါဟာ ငါ့လှေပေါ်မှာ မိန်းမ မထားဘူး လို့..တနေ့ မှာ ငါက ကျွန်းကလေးတကျွန်းရဲ့ မြေကြီးတွင်းထဲမှာနေရစ်ခဲ့ရပြီး ငါနေခဲ့တဲ့ ကာဘန်းလှေကလေးနဲ့ ငါ့ရဲ့ ရင်သွေး သားသမီး ငါ့ရဲ့မိန်းမနဲ့ ငါ့ရဲ့ခွေးတွေက တနေရာကို ထွက်ခွာသားကြမှာထက် မြေကြီးတွင်းထဲ ငါရောက်သွား တဲ့အချိန်မှာ ငါ့ရဲ့ကာဘန်းလှေကလေး တစင်းထဲသာ ပင်လယ်မှာ မျောချင်ရာ မျောပါသွားရင်း သံယောဇဉ်အမျှင်တွေ ငါ့ဝိဥာဉ်မြှုပ်နှံတဲ့ ကျွန်းတခွင်လုံး မဖုံးလွှမ်းနိုင် တော့ဘူလို့ ငါယုံကြည်တယ်..။
GoogleCyberSearch
Shared Items
Labels
- ရွှင်မြူးစရာ (3)
- Agri and Fishery (11)
- Art and Literature (2)
- Dhamma - Beliefs (7)
- Earth-Weather-Travel (8)
- Economy-Business-Finance (22)
- Energy (4)
- Fun/Humor (10)
- General (1)
- Health (3)
- History - Politics (11)
- Ideas - Opinions (6)
- IT (22)
- Life Style (7)
- Local (21)
- Society - Community (1)
- Technology (14)
- Travel (4)
- การเกษตร (2)
- ขำขัน (8)
- ท่องเทียว (4)
- เทคโนโลยี (11)
- เทคโนโลยี-วิทยาศาสตร์ (3)
- ธุรกิจ (4)
- บ้า้นและครอบครัว (1)
- ประวัติศาสตร์ (2)
- ปรัชญา - ธรรมะ (10)
- พม่า (11)
- พลังงาน (5)
- ระีนอง - เกาะสอง (25)
- เศรษฐกิจ (10)
- สังคม (9)
- สัตว์น้ำและอาหารทะเล (10)
- สุขภาพ - อาหาร (12)
- ကမ္ဘာမြေ (2)
- ကျန်းမာရေး (8)
- ခရီးသွားခြင်း (5)
- စားဝတ်နေရေး (8)
- စာပေ၊ ယဉ်ကျေးမှု (5)
- စီးပွား၊ကုန်သွယ် (32)
- စိုက်ပျိုးရေး (6)
- ဓမ္မ - ဂမ္ဗီရ (5)
- မိုးလေဝသ (1)
- ပြည်မြန်မာ (13)
- လူမှုဘဝ (8)
- သိပ္ပံနှင့်နည်းပညာ (16)
- သီချင်းများ (2)
- အတွေးအမြင် (6)
- အထွေထွေ (8)
- ဒေသသတင်း (24)
- ရေလုပ်ငန်း (14)
- နိုင်ငံရေး (11)
Contact to Blogmaster at kawthaung@gmail.com
Vistors Stats
Tuesday, April 1, 2008
လှေကလေး
Labels: စာပေ၊ ယဉ်ကျေးမှု
Subscribe to:
Post Comments (Atom)
Kawthaung Glimpse 2008
Blog Archive
-
▼
2008
(172)
-
▼
April
(9)
- Download YouTube Video as MP4 file
- ယခုလက်ရှိစီးပွားရေး ဦးတည်ချက်လေးရပ်အား လေ့လာခြင်း -
- ဈေးသက်သာသည့် မြန်မာဆန်များ မဲဆောက်တွင် အ၀ယ်လိုက်
- ထိုင်းမှာသေဆုံးခဲ့သည့် ၅၄ ယောက်အမှုမှာ ကော့သောင် အာ...
- တိုင်းပြည်က ဆင်းရဲ စစ်အစိုးရကတော့ အိတ်ဖောင်း
- မြန်မာစီးပွားရေးတိုးတက်မှုနှုန်း စစ်အစိုးရမှန်းသည်ထက...
- ဈေးပေါသော မြန်မာဆန်ကို စင်ကာပူ အစားထိုးတင်သွင်း
- လှေကလေး
- POWERCUBE: Rock-Solid Solar Generator To-Go
-
▼
April
(9)
Visitors
Visitor Link
Misc Synopsis
- ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။ လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။ ဂျူး
- ဂန်ဘာရီနဲ့ နအဖ တို့ ရဲ့ ကလေးကလား လုပ်ရပ်များ - နဖအ က ဒေါ်စုကို နေအိမ်မှာအကျယ်ချုပ်ချထားတာ တကမ္ဘာလုံးသိပါတယ်။ ဘယ်လိုနေအိမ်မှာအကျယ်ချုပ်ချထားလဲဆိုရင် အိမ်ရှေ့ တခါးကိုသော့နဲ့ ခတ်ထားတယ်။ ဒေါ်စုခြံဝန်းထဲမှာ စစ်တပ်ချထားတယ်။ ဒေါ်စုကို တွေ့ ချင်တယ်တဲ့သူတွေက သူတို့ က ၀င်စေဆိုတဲ့အမိန့် ရမှာဝင်လို့ ရတယ်။ ဒေါ်စု ရဲ ကျမာရေးကို တာဝန်ခံထားတဲ့ဒေါက်တာတင်မျိုးဝင်းတောင် ၀င်တွေ့ ခြင်တိုင်းဝင်တွေ့ လို့ မရဘူး။ သန်းရွေ ရဲ့ ခွင့်ပြုချက်ရမှဒေါ်စုကိုတွေ့ ခွင့်ရတယ်။ ဒေါ်စုရှေ နေက ဒေါ်စုကို တွေ့ ခြင်တိုင်းတွေ့ လို့ မရဘူး။ အန်အဲလ်ဒီစီအီစီ ဆိုရင်လည်း ဒေါ်စုကို အိမ်မှာတောင်တွေ့ ခွင့်မရကြဘူး။ ဒီလို အခြေအနေမျိုးမှာ ဂန်ဘာရီ ကိုယ်စားလှယ်နဲ့  နအဖ ကိုယ်စားလှယ်က ဒေါ်စုအိမ်ရှေ့ ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် ဂန် ဘာရီက တွေ့ ခြင်လို့ ပါလို့  အိမ်ရှေ့ ကနေ လောစပီကာနဲ့ သွားအော်နေတာ အတော့ကို ကလေးကလားဆန်ပြီ အရူးထတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော်မေးခြင်တာက သူတို့ မှာ ဒေါ်စုအိမ်ကိုခတ်ထားတဲ့သော့ရှိရဲ့ သားနဲ့ ဖွင့်ပြီး ၀င်သွားလိုက်ကြပါလား။ အိမ်ကိုသော့ခတ်ထားတဲ့သူက တခါးဖွင့်ပေးပါလို့ အော်နေတာကတော့ အတောကိုညဏ်နည်းလှကြပါတယ်။ Ko Moe Thee Blog
- အဲဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် ဘာဒါဝီက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပြည်တွင်း ရေး မစွက်ဖက်ရေးမူကို အကာအကွယ်မယူသင့်ဘူးလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အဖွဲ့ကြီးရဲ့ အဓိကမူတရပ်ဖြစ်တဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ပြန်လည်အနက်အဓိပ္ပ္ပ္ပ္ပ္ပါယ် ဖွင့်ဆိုသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ / Dr.LwanSwe
- ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။ / New Era Journal
- Failed States Index 2008 - အားလုံးပေါင်း ၁၂ ခုရှိတဲ့ စံညွှန်းတွေထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစံညွှန်းမှာ အဖိနှိပ်ခံရဆုံး တဖက်စွန်းမှာရောက်နေပြီး ပြည်ပစွက်ဖက်မှုမှာတော့ အစောကရေးသလို အနည်းဆုံးပါ၊ ဒီနှစ်ခုက အများဆုံး နဲ့ အနည်းဆုံး အစွန်းနှစ်ဖက် ရောက်နေတာကလွဲလို့ ကျန်တာတွေက ထိပ်ဆုံးမရောက်တရောက်မှာ။ ၂၀၀၅ တုန်းက ထိပ်ဆုံး ၂၀ ထဲမှာ မြန်မာမပါဘူး၊ ၂၀၀၆ ကျတော့ နံပါတ် ၁၈ နဲ့ အရှေ့တက်လာတယ်၊ ၂၀၀၇ မှာ အဆင့် ၁၄၊ ဟော၊ အခု ၂၀၀၈ မှာ အဆင့် ၁၂ ဖြစ်သွားပြီ။ ဒီလို တနိုင်ငံလုံးချီပြီး ညံ့ဖျင်းနေတာ ဦးဆောင်လမ်းပြနေတဲ့ခေါင်းဆောင် တာဝန်မကင်းဘူး၊ ဒါကြောင့် နိုင်ငံတွေစာရင်းအပြင် ခေါင်းဆောင်တွေရဲ့ စာရင်းကိုလည်း ပြုစုထုတ်ပြန်ထားတယ်။ Degolar
0 comments:
Post a Comment