ခေတ်အဆက်ဆက် လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်စိုက်ပျိုးကြသူများထံမှ အမြတ်ခွန် စည်းကြပ်ကောက်ခံခြင်း မရှိခဲ့သော်လည်း ယခုအခါ ကော့သောင်းမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနက ဥယျာဉ်စိုက်ပျိုးလုပ်ကိုင်နေသူများကို ဆင့်ခေါ်ပြီး ဥယျာဉ် တဧကလျှင် ငွေ (၁၅,၀၀၀) ကျပ် ပေးရမည်ဟု တောင်းခံနေပါသည်။ ဥယျာဉ်ပိုင်ရှင်အချို့မှာ ခြံအသိမ်းခံရမည်ကို စိုးရိမ်ပြီး ပေးပါမည်ဟု ပြောသော်လည်း အများစုမှာ ဆင်းရဲသားများဖြစ်ကြပြီး အယုံအကြည်လည်းမရှိ၍ မပေးလိုကြပါ။ တဖက်မှလည်း သက်ဆိုင်ရာက အရေးယူပြီး ခြံအသိမ်းခံရမည်ကို စိုးရိမ်နေကြ ပါသည်။ လက်ရှိအစိုးရထံမှ ငွေမြောက်အမြား ချေးယူပြီး မြေဧကပေါင်းများစွာကို စက်ယန္တရားအကူအညီ၊ နည်းပညာအကူအညီဖြင့် စိုက်ပျိုးလုပ်ကိုင်နေကြသော ကုမ္ပဏီကြီးများပင် ယခု ကောက်ခံသော အခွန်ငွေကို ပေးနိုင်မည်မထင်ပါ။ ကော့သောင်းမြို့ နယ်တွင် လက်ရှိလုပ်ကိုင်နေကြသော ဥယျာဉ်ခြံရှင်များမှာ ကိုယ့်အရင်းအနှီး ကိုယ့်လုပ်အားနှင့် စိုက်ထုတ်လုပ်ကိုင်သူ အများစုဖြစ်ပြီး ရာသီဥတုကြောင့်လည်းကောင်း၊ ပိုးမွှားအန္တရာယ်ကြောင့်လည်းကောင်း အသီးအနှံများ ပျက်စီးဆုံးရှုံးခြင်း၊ ကုန်ဈေးနှုန်းကျဆင်းမှုကြောင့် စိုက်ထုတ်ငွေနှင့် ၀င်ငွေမမျှ ဆုံးရှုံးနေသောအချိန်တွင် တဧက (၁) သောင်းခွဲ၊ ဆယ်ဧက (၁) သိန်းခွဲ ပေးရမည်ဟူသော ခြိမ်းခြောက်သံကြောင့် တောင်သူလယ်သမားများ၊ ဥယျာဉ်စိုက်ပျိုးသူများ အလွန်သောက ရောက်နေကြရပါကြောင်း အထက်လူကြီးမင်းများ ကြားသိရအောင် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကော့သောင်းသား |
ဟုတ်တယ်မတရားကောက်ခံနေတာအထက်လူ
ReplyDeleteကြီးတွေဘာမှမသိဘူး။ကော့ သောင်းသားတွေ
ကဘာမှမပြောကြလို့ လုပ်ချင်သလိုလုပ်နေကြတာ
ကော့သောင်းသားတွေဆုံတွေ့ ပြီးနက်ဝဒ်တစ်ခုလောက်တည်ဆောက်ကြရအောင်
လားနောက်ပြီးမြို့ ပေါ်ကသတင်းတွေတင်ရအောင်။
ကော့သောင်းသား
ကျွန်တော်လဲမအားလို့ ဒီဘက်ကိုမလုပ်နိုင်တာကြာပြီ။
ReplyDeleteခင်ဗျားတို့တတ်နိုင်ရင် ကျွန်တော်တို့ ဒေသအကြောင်း ထရေးကြပါအုန်းဗျာ။
Oh my goodness! Incredible article dude!
ReplyDeleteMany thanks, However I am having problems with your RSS.
I don't know the reason why I cannot subscribe to it. Is there anybody else having the same RSS issues? Anyone who knows the answer will you kindly respond? Thanks!!
Here is my web page: costs Of dental Implants
Very nice post. I just stumbled upon your weblog and wished to say that I
ReplyDeletehave really enjoyed surfing around your blog posts. In any case I will be subscribing to your feed and I hope you write again soon!
Also visit my blog midasbanter.blogspot.com
Beware Of Toxic Mulch How To Mulch
ReplyDeleteAlso visit my web-site; large trees for sale