Ref NEJ/ ၂၁ ဧပြီ ၂၀၀၈ | ||
မြန်မာနိုင်ငံမှ တရားမ၀င် နည်းလမ်းဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တင်သွင်းသည့် မြန်မာဆန်များ | ||
မြန်မာနိုင်ငံမှ ဆန်များကို တရားမဝင် နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုအား ကန့်သတ်ထားသော်လည်း မြန်မာဆန်များ ကားတန်း တရက်ခြား အိတ် (၆ဝဝ) ခန့် ယခုလဆန်းမှ စတင်ကာ ထိုင်းနိုင်ငံတွင် ဆန်ဈေး အဆမတန် ထိုးတက်သွားသောကြောင့် မြန်မာနိုင်ငံမှ ဆန်များကို မြန်မာကုန်သည်များက မဲဆောက်ဒေသအတွင်းသို့ တရားမဝင် ထိုင်းဆန်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာသောကြောင့် ဒေသတွင်း၌ လူဦးရေ (၁) သိန်း ကျော်ခန့်ရှိသည့် မြန်မာအလုပ်သမားများအနက် အများစုက ဈေးသက်သာသော မြန်မာဆန်ကို ဝယ်ယူစားသုံးသောကြောင့် တင်သွင်းခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တဦးက ပြောသည်။ ၎င်းက "ထိုင်းဆန်အကောင်းစား ကီလို (၅၀) ဝင် တအိတ်ကို အရင်က ဘတ် (၁,ဝဝဝ) ပဲ ပေးရတယ်။ အခု (၁,၅၅ဝ) ဖြစ်သွားပြီ။ ဆန်ကြမ်းကအစ အဲလိုတက်သွားတော့ ဒီမှာရှိတဲ့ မြန်မာတွေအတွက် အခက်အခဲရှိတယ်။ မြန်မာပေါ်ဆန်းမွှေးက တအိတ် ဘတ် (၁,ဝဝဝ) ထက်မပိုတော့ မြန်မာဆန်ကိုပဲ ပြောင်းစားကြတယ်" ဟု ပြောသည်။ လက်ရှိ မဲဆောက်သို့ တင်သွင်းနေသည့် ကြာနီ၊ ရွှေနေကြာ၊ ထူး၊ အောင်သပြေ အမှတ်တံဆိပ် မြန်မာဆန်များမှာ ရန်ကုန် ဘုရင့်နောင်ဈေးမှ မြဝတီသို့ တရက်ခြား အိတ် (၆ဝဝ) ခန့်ရောက်ရှိပြီး ညဘက် လူခြေတိတ်ချိန်တွင် နှစ်ဘက်အာဏာပိုင်များအား ပေးကမ်းကာ မဲဆောက်ဘက်သို့ ခိုးသယ်ရကြောင်း အဆိုပါကုန်သည်က ပြောသည်။ မဲဆောက် မယ်ပအထည်ချုပ်စက်ရုံမှ အလုပ်သမ မသင်းသင်းက "အရင်က ထိုင်းဆန်ပဲစားတယ်။ အခုတော့ ဈေးတော်တဲ့ မြန်မာဆန်ကို ပြောင်းစားရတယ်။ ကိုယ်ရတာက တနေ့ ဘတ် (၇ဝ) ပဲ ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဆန်အပြင် တခြားစားသောက်ကုန်တွေလည်း လိုက်တက်လာ မဲဆောက်မြို့တွင် ထိုင်းဆန် အကောင်းစားတပုံး (၅၅ဝ) ဘတ်နှင့် ဆန်ကြမ်း (၃၆ဝ) ဘတ်ခန့် ဈေးပေါက်ပြီး ဖျာပုံပေါ်ဆန်းမွှေး တပုံး (၃၄ဝ) ၊ ကမာကြည် (၂၈ဝ)၊ ပေါ်ကျွဲ (၂၈ဝ) နှင့် ၁၅ စက်ရုံတွင် မုန့်ဟင်းခါးရောင်းသည့် ဒေါ်စိန်က "အရင်က မုန့်ဟင်းခါးတပွဲကို (၅) ဘတ်နဲ့ ရောင်း တယ်။ အခု တပွဲ (၁၀) ရောင်းမှ ကိုက်တော့မယ်။ မုန့်ဖတ်က အရင်က တပိဿာ (၁၈) ဘတ်၊ အခု (၂၇) ဘတ်ဖြစ်သွားပြီ။ မဲဆောက်မှာက ကုန်ဈေးနှုန်းပဲတိုးတယ်၊ အလုပ်ရုံမှာ လခမတိုးဘူး။ ဘယ်လိုအခြေအနေတွေ လာဦးမလဲ မသိသေးဘူး" ဟု ပြောသည်။ မြန်မာအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ ၏ တာဝန်ခံ ကိုသံဒုတ်က "ဆန်နဲ့ စားသောက် ကုန်တွေ ဈေးတက်ပြီး လုပ်အားခ မတိုးဘူးဆိုရင်တော့ ရေရှည်မှာ အလုပ်သမား ပြဿနာတွေ ပိုပြီးတိုးပွားလာနိုင်တယ်" ဟု ပြောသည်။ မဲဆောက်ဒေသအတွင်း စက်ရုံအလုပ်ရုံ (၂၈ဝ) ရှိသည့်အနက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် မဲဆောက်ဒေသတွင်း အနိမ့်ဆုံး လုပ်အားခ (၁၄၇) ဘတ် ပေးသည့် စက်ရုံ မှာ ဟန်ထိုင်း သိုးမွှေးစက်ရုံနှင့် တော့ထောင်းအထည်ချုပ်စက်ရုံ (၂) ရုံသာဖြစ်ပြီး ကျန်အလုပ် ရုံများက ဘတ် (၆ဝ) မှ (၇ဝ) အကြားသာ မြန်မာအလုပ်သမားများအား လုပ်အားခပေးကြောင်း သိရှိရသည်။ | ||
No comments:
Post a Comment