လ ကို နေ့တိုင်းလိုလို တွေ့ဖြစ်ကြပေမယ့် လရဲ့ သဘောသဘာဝကို ကျွန်တော်တို့ (အခုခေတ်လူငယ်) ဘယ်လောက်များ လေ့လာသတိပြုမိကြ ပါသလဲ။
- လဟာ ပြက္ခဒိန်တစ်လ (သိုးဆောင်းတွေရဲ့ ရက်အရ ဆိုရင်တော့ ၂၉ ရက် နဲ့ ၁၂ နာရီလောက်ပါ။) မှာ တကြိမ် ပြည့်တယ် ဆိုတာတော့ ဗုဒ္ဓဘာသာ ရေးပွဲတွေကြောင့် ကျွန်တော်တို့ဆီမှာ လူတိုင်းနီးပါး သိကြမှာပါ။
- လ (သူရာနေမင်းကတော့ လလောက်သိပ်မသက်ရောက်ပါဘူး) ကြောင့် ဒီရေအတက်အကျ ဖြစ်ရတယ်ဆိုတာ ကျွန်တော်တို့ ပင်လယ်ကမ်းစပ်မှာ ကြီးပြင်းလာတဲ့ လူတိုင်းသတိထားမိပါရဲ့လား။ လပြည့်၊ လကွယ်ညတွေမှာ ရေကြီးတယ်ဆိုတာ သတိထားမိပါရဲ့လား။
- မမြင်ရတဲ့ စန္ဒာလမင်းရဲ့ ဆွဲအား (Gravity Force - ဒြပ်ထုရှိတဲ့ အရာဝတ္ထု နှစ်ခုကြားမှာ သက်ရောက်တဲ့အား၊ ဒြပ်ထုကြီးလေ၊ အကွာအဝေးနီးလေ ဆွဲအားကောင်းလေ) ကြောင့် ရေအတက်အကျ ဖြစ်ရပါတယ်ဆိုရင် ယုံတမ်းစကားဖြစ်တဲ့ လပြည့်၊ လမိုက် ညတွေမှာ တစ်ချို့လူတွေ စိတ်ဖောက်ပြန်မှုတွေ ဟာ အခြေအမြစ် ရှိပါရဲ့လား။ ဘာကြောင့် ဗုဒ္ဓဘာသာ ရဲ့ နေ့မြတ်အားလုံး ဟာ လပြည့်နေ့တွေမှာ ကျရောက်နေပါသလဲ။ စာရေးဆရာမ ဂျူးဟာ လနဲ့ပတ်သက်ပြီး သူ့ရဲ့ဝတ္ထု အတော်များများ မှာ ထည့်ရေးပါတယ်။ ”မြရဲ့လ”၊ ဘာတို့
- ကျွန်တော်တို့ ကမ္ဘာမြေအတူနေ တိရိစ္ဆာန်မျိုးစိတ် တစ်ချို့ဟာ ဆိုရင်လဲ လစက်ဝန်း အတိုင်း ထူးခြားတဲ့ အပြုအမူတွေ ရှိကြတယ်လို့ "Animal Planet" အစီအစဉ် တွေမှာ တွေ့ဘူးပါတယ်။
ဒါနဲ့ ဒီပို့စ် ရေးဖြစ်စေတဲ့ အကြောင်းလာပါပြီ။ ကျွန်တော်တို့ဟာ နေမင်းကြီးဟာ အကြမ်းဖျင်းအားဖြင့် ဒေသစံချိန် မနက် ၆ နာရီ လောက်မှာ တက်ပြီး ညနေ ၆ နာရီလောက်မှာ ဝင်တယ်ဆိုတာ သိကြပါတယ် (ဆောင်းနဲ့ နွေတော့ နဲနဲကွာပါတယ် ။ ဆောင်းမှာ နေထွက် နောက်ကျပြီး။ နေဝင်စောပါတယ်။ ကမ္ဘာကြီးက သူ့ဝင်ရိုးပေါ်မှာ ၂၃.၅ ဒီဂရီ စောင်းပြီး နေမင်းကြီးကိုပတ်နေလို့ပါ။ မစောင်းဘူးဆိုရင်တော့ ဆောင်းနွေဥတုတွေ၊ နေ့တာတိုရှည်တာတွေ မရှိနိုင်ပါဘူး။ နေ့နဲ့ညပဲ ရှိမှာပါ။) လမင်းကြီးကော ဘယ်အချိန်ဝင်ထွက်တယ် ဆိုတာ သတိထားမိကြပါသလား။
လရဲ့ ဝင်ထွက်ချိန်က သူ့ရဲ့ စက်ဝန်း(တစ်နည်းအားဖြင့်) လရဲ့အနေအထားပေါ် မူတည်ပါတယ်။ လဟာ ကမ္ဘာကြီးနဲ့ နေမင်းကြီးကြား ပြင်ညီမျဉ်းဖြောင့်အတိုင်း ရောက်နေလို့ ရှိရင် လမိုက်ည အဖြစ် ကမ္ဘာမြေပေါ်က မြင်ရမှာ ဖြစ်ပါတယ်။ လမိုက်ညဆိုတော့ လထွက်ချိန်၊ ဝင်ချိန် ဘယ်ရှိပါ့မလဲနော်။ ဒီအတိုင်း
ကိုးကား - ဝီကီပီဒီယာ
No comments:
Post a Comment