Switchgrass မြက်မျိုးမှ ဇီဝ လောင်စာထုတ်ယူခြင်းဖြင့် ကာဗွန် ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ၉၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း သုတေသနတစ်ရပ်အရသိရသည်။ အမေရိကန်သိပဍ္ဎံပညာရှင်များ ၏လေ့လာမှုအရ ယင်းမြက်တစ်ဧက လျှင် ပျမ်းမျှဇီဝလောင်စာစည်ပေါင်း ၃၂ဝ ထုတ်ပေးနိုင်ကြောင်း သိရ သည်။ အမေရိကန်စိုက်ပျိုးရေး သုတေသနလုပ်ငန်းမှ ပညာရှင်များ သည် သုံးဧကမှ ကိုးဧကအထိကျယ် ဝန်းသော လယ်ကွက် ၁ဝ ကက်တွင် ယင်းမြက်များ စိုက်ပျိုး၍ ဇီဝလောင် စာထုတ်ယူရနိုင်ခြေကို လေ့လာခဲ့ခြင်း ဖြစ်သည်။
သို့သော် မြက်မှဇီဝလောင်စာ ထုတ်ယူခြင်းသည် ပြောင်း၊ ဂျုံစ သည့်သီးနှံများမှ ဇီဝလောင်စာထုတ် ယူခြင်းထက် ပိုမိုရှုပ်ထွေးသည်ဟု သိ ရသည်။ ယခုနည်းစနစ်သည် ဒုတိယမျိုးဆက်ဇီဝလောင်စာ အမျိုး အစားဖြစ်သည်။ ပထမမျိုးဆက် ဇီဝလောင်စာများသည် အပင်၏ အစေ့၊ အနှံတို့မှသာ ထုတ်ယူနိုင် သောကြောင့် ထွက်ရှိမှုနည်းသော် လည်း ဒုတိယမျိုးဆက်ဇီဝလောင် စာများသည်အပင်တစ်ခုလုံးမှ ထုတ် ယူနိုင်သောကြောင့် ထွက်ရှိမှုပိုမိုများ ပြားသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိ မှု တွင် ရေနံနှင့်နှိုင်းယှဉ်ပါက လျော့ နည်းသည်။ ဇီဝလောင်စာအသုံးပြု ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုရှိသော်လည်း လေထုအတွင်းမှ မြက်များ၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်ယူနိုင်စွမ်းနှင့် ပြန်လည်ထေမိ နိုင်သည်။ ယင်းမြက်မျိုးမှာ တောင် နှင့်မြောက်အမေရိကတိုက်နှင့် အာရှ ဒေသအချို့တွင် ပေါက်ရောက်သည် ဟု သိရသည်။
No comments:
Post a Comment