[Ref : from Moemaka ]
မြန်နှုန်းမြင့်၊ ရှာဖွေလွယ် တွေ့ရှိလွယ်
"ယူနီကုဒ်တစ်ခုဖြစ်တဲ့ ဇော်ဂျီဝမ်း ဟာ အင်မတန်အသုံးဝင်ပါတယ်။ ဇော်ဂျီဝမ်း စာလုံးကို သုံးပြီး အချက်အလက် ရှာဖွေလို့ရနေပါပြီ။ ဟိုတုန်းကတော့ Google, Yahoo တို့မှာ အချက်အလက်ရှာချင်ရင် အင်္ဂလိပ်ဘာသာနဲ့ပဲ ရှာဖွေရတာပါ။ "ကျော်သူ" ရဲ့ အချက်အလက် ရှာချင်ရင် kyaw thu လို့ ရေးပြီး ရှာခဲ့ရပါတယ်။ အခုတော့ ဇော်ဂျီဝမ်းသုံးပြီး "ကျော်သူ" လို့ မြန်မာဘာသာနဲ့ရေးပြီး ရှာရုံပါပဲ။
အင်တာနက်စာမျက်နှာတချို့မှာ မြန်မာဘာသာနဲ့ဖော်ပြတဲ့အခါ ဘယ်သူတွေ ဘာကို သုံးနေကြတယ် ဆိုတာကို အခုလို တွေ့ရပါတယ်။
ဘလော့ဂ်များ - ဇော်ဂျီဝမ်း
မဇ္ဈိမ - ဇော်ဂျီဝမ်း
ဧရာဝတီ - ဇော်ဂျီဝမ်း
ရိုးမ ၃ - ဇော်ဂျီဝမ်း
ဗွီအိုအေ - ဇော်ဂျီဝမ်း
အိုးဝေစင်္ကာပူ - ဝင်းဘားမိစ်
ဒီဗွီဘီ - ဝင်းဘားမိစ်
အာအက်ဖ်အေ - ဘီအိုင်တီ
မိုးမခ : မိုးမခ ဘလော့ဂ် - ဘီအိုင်တီ၊ ဇော်ဂျီဝမ်း
ဘီဘီစီ - မြန်မာဘာသာနဲ့ဖော်ပြနိုင်ဖို့ စီစဉ်ဆဲ
ပြောင်းလဲလိုက်တဲ့ ဗွီအိုအေ မြန်မာစာမျက်နှာမြင်ကွင်းတစ်ခု
ဗွီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနက အင်တာနက်ကနေ ဖတ်ရှုအားပေးတဲ့ ပရိသတ်အတွက် ဝန်ဆောင်မှုတွေ ထပ်တိုးလိုက်ပါပြီ။ ထုတ်လွှင့်ချက်တွေကို စာအဖြစ်ရေးသားဖော်ပြရာမှာ ဝင်းဘားမိစ် စာလုံးပုံစံ (Wwin_Burmese font) ကိုသုံးရာကနေ ဇော်ဂျီဝမ်း (Zawgyi-One) စာလုံးပုံစံ ကို အသုံးပြုလာခြင်းပါပဲ။ ဒီလ ၆ ရက်နေ့ကစပြီး ဝင်းဘားမိစ် သုံးစွဲခြင်းကို ရပ်ဆိုင်းလိုက်တာ တွေ့ရပါတယ်။
"ဒီအပြောင်းအလဲကြောင့် သတင်းတွေ ဆောင်းပါးတွေကို ဆွဲယူစုစည်းရာမှာ မြန်နှုန်းမြင့်လာတဲ့အတွက် စာဖတ်သူတွေအကြိုက်ဖြစ်လာမှာပါ။ နိုင်ငံတကာနဲ့ မြန်မာသတင်းအစုံအလင်အပြင် ဗွီအိုအေရဲ့ အစီအစဉ်တွေအားလုံးကို တဝကြီး ဖတ်ရှု၊ နားဆင်ကြပါခင်ဗျာ … " လို့ ဗွီအိုအေ မြန်မာပိုင်းအကြီးအကဲရဲ့နှိုးဆော်ချက်ကိုလည်း အသံလွှင့်အစီအစဉ်တွေကြားထဲမှာ ကြားနေရပါတယ်။
No comments:
Post a Comment