မြန်မာနိုင်ငံ၏ အရှေ့တောင် တံခါးပေါက်ဟု တင်စားခေါ်ဆိုထိုက်သော ကရင်ပြည်နယ်၏ မြို့နယ်တစ်ခု ဖြစ်သည့် မြဝတီမြို့သည် ရန်ကုန်မြို့ နှင့် အနီးဆုံးနေရာတွင် တည်ရှိသည့် နယ်စပ်မြို့ဖြစ်သည်။
၂ဝဝ၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် တည်ဆောက်ပြီးစီးမည့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်ပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံးနယ်စပ်ကုန်သွယ် ရေးစခန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီ မြို့သည် ကရင်ပြည်နယ် မြို့တော် ဘားအံမြို့နှင့် ၉၇ မိုင်ကွာဝေးပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျရာ ဗဟိုတစ်ခုဖြစ်သော ရန်ကုန် မြို့တော်နှင့်အနီးဆုံး တံခါးတစ်ပေါက် ဖြစ်လာပေမည်။
Ref : Weekly Eleven Journal 12 Dec 2007
မြဝတီကုန်သွယ် ရေးဇုန်တွင် နယ်စပ်ကုန်သွယ်ရေးစနစ်မှ နယ်စပ်ဖြတ် ကျော်ကုန်သွယ်ရေးစနစ်ကို ကျင့်သုံးမည်ဖြစ်သည်။ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း အတွင်း ပို့ကုန်သွင်းကုန်ပစ္စည်း အမျိုး အစားများ၊ နှစ်အလိုက် ပို့ကုန် သွင်း ကုန် ကုန်သွယ်မှုပမာဏများ၊ အခွန် အခရရှိမှုများ၊ One Stop Services စနစ်ဖြင့် ဆောင်ရွက်နေမှု အခြေအနေ များ၊ နယ်စပ်ဖြတ်ကျော် ပုံမှန် ကုန် သွယ်မှုစနစ် ပြောင်းလဲကျင့်သုံးမှု များဖြင့် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ပါဝင် သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော နယ်စပ်ကုန်သွယ်ရေး စခန်းများအဖြစ် တရုတ်နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ လိုင်ဇာ၊ ချင်း ရွှေဟော်၊ ကန်ပတ်တီး၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တော၊ အိန္ဒိယနယ်စပ်တွင် တမူး၊ ရိဒ်၊ ထိုင်း နယ်စပ်တွင်တာချီလိတ်၊ ကော့သောင်း မြိတ်နှင့် မြဝတီနယ်စပ်များရှိကြောင်းကိုလည်း လေ့လာသိရှိရသည်။
အရှေ့အနောက် စီးပွားရေး ပေါင်းကူးစင်္ကြံအာရှအဝေးပြေးလမ်းပိုင်းတွင် ပါဝင်သည့် ကရင်ပြည်နယ် မြို့တော်ဘားအံမြို့နှင့် မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့တို့ကို အဆင်းတစ်ရက်၊ အတက်တစ်ရက် စနစ်ဖြင့် နေ့စဉ် ကားစင်းရေ ၁ဝဝ ကျော်ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိ ရသည်။ မြဝတီမြို့မှ ဘားအံမြို့သို့ မြဝတီမော်တော်ယာဉ်အသင်း၊ ဒေါနမောင်၊ ဘားအံမြို့မ၊ သန်မြန်သူ၊ သထုံ(မထသ)၊ အရှေ့ဒေါန၊ တောင် ကလေး၊ သာမည၊ ကျေးဇူးရှင်၊ မြတ် အိနြေ္ဒ၊ ငြိမ်းချမ်းသာ၊ စိန်ပန်း၊ ပြည့် အားမာန်၊ မြတ်သစ္စာ၊ အဆွေတော်၊ အောင်စစ်သည် မှန်လုံယာဉ်များ အပြင်၊ ဟိုင်းလတ်စီးရေ ၈ဝ ကျော် နှင့်နောက်တိုးယာဉ်များပါ နေ့စဉ်သွားလာလျက် ရှိသည်။
မြဝတီ-သင်္ကန်းညီနောင်လမ်းပိုင်း
အရှေ့-အနောက်စီးပွားရေး ပေါင်းကူးစင်္ကြံအာရှအဝေးပြေးလမ်း၊ မြန်မာ-ထိုင်းလမ်းမှ မြဝတီ-သင်္ကန်း ညီနောင်လမ်းပိုင်းသည် ကိုးမိုင်ရှည် လျားကာ ၂ဝဝ၆ ခုနှစ်ကုန်ပိုင်းမှ စတင် ပြီး ထိုင်းဆောက်လုပ်ရေးကုမဍ္ဎဏီ ချင်လိုင်ခေါ့စတာချန့်ကျန်ကာမှ တာ ဝန်ယူ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခြောက်လမ်းသွားအဝေးပြေးလမ်းမကြီး အဖြစ် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားထိပ် မြေတိုင်းအမှတ် ဝ.ဝဝ မှ သင်္ကန်းညီနောင် ၁၇.၃၅ ကီလိုအထိ ထိုင်း ဘတ်ငွေသန်း ၁၅ဝ အကုန် အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လာ မည့်ပွင့်လင်းရာသီအတွင်း ဆက်လက်ပြီး သင်္ကန်းညီနောင်-ကော့ကရိတ်လမ်းပိုင်းကို ဘတ်ငွေ ၁၅ သန်း အကုန်အကျခံကာ ဆက်လက်ဖောက် လုပ်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ အမြောက်အမြားတင်ပို့မည် ကရင်ပြည်နယ်တောင်ပိုင်း မြဝတီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်သည့် ရေချို ငါး၊ ပုစွန်များကို ကရင်ပြည်နယ် အတွင်း ရေသယံဇာတရှိသည့် ဒုံသမိ၊ ဂျိုင်း၊ ဟောင်သရော မြစ်များတွင် မွေးမြူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ အမြောက်အမြား တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂ဝဝ၅ ခုနှစ်က မြန်မာနိုင်ငံမှ ရေ ထွက်ကုန်ပစ္စည်း အများဆုံးတင်ပို့ခဲ့ သည့် တရုတ်၊ မလေးရှား၊ ဂျပန် နိုင်ငံများကဲ့သို့ ထိုင်းနိုင်ငံသို့လည်း ရေ ထွက်ကုန်ပစ္စည်းများ အများဆုံးတင်ပို့ နိုင်ရန် လုပ်ငန်းရှင်ကြီးများမှ အားခဲလျက်ရှိသည်။ ကရင်ပြည် နယ်သည် မြန်မာနိုင်ငံ၏အရှေ့တောင် ဘက်ပိုင်းတွင် တည်ရှိကာ စတုရန်း မိုင်ပေါင်း ၁၁၇၃ဝ ကျယ်ဝန်းပြီး ရေ သယံဇာတပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ယခုအခါ ပြည်နယ်အတွင်း ရေခြောက်လ ရှိသည့်နေရာများတွင် ကမ္ဘာတွင်ဝယ်လိုအားကောင်းသည့် တီလားဗီးယားငါး များကို မွေးမြူသွားနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
No comments:
Post a Comment