ဟွန်းနဲ့ပတ်သက်လို့ ပြောရရင် ထိုင်းမှာ ဟွန်းသံကို သင်သိပ်ကြားမိမှာ မဟုတ်ပါဘူး။ သူတို့အတွက်ကတော့ ဟွန်းသံဟာ သတိထားအသုံးပြုရ မှာပါ။ မြန်မာတွေကတော့ ဟွန်းကိုအသင့်အသင့် အသုံးပြုတယ်လို့ ထင်ပါတယ်။
ဟွန်းအသုံးများတဲ့ နိုင်ငံတစ်ခုကတော့ ကျွန်တော်တို့အိမ်နီးချင်း အိန္ဒိယပါ။ ဟွန်းဘယ်လောက် အရေးပါသလဲဆိုရင် တစ်ခါတုန်းက Mombai မှာ ထိုင်းခရီးသွား တစ်ယောက်က သူ့ရဲ့ယာဉ်မောင်းကို တစ်နေရာ လိုက်ပို့ဖို့ ပြောပါတယ်။ ယာဉ်မောင်းက ဒီနေ့ကားပျက်နေလို့ မမောင်းနိုင်ကြောင်း ငြင်းပါတယ်။ မနေ့ကအကောင်းကြီးရှိလို့ စီးပြန်လာခဲ့တာပဲ။ ဒါဖြင့်ရင် သူ့ကားမထွက်နိုင်လောက်အောင် ဘာပျက်နေသလဲ မေးကြည့်လိုက်တော့ ဟွန်းပျက်နေလို့ပါတဲ့၊ ကောင်းရော။
ဒါနဲ့ ကားမောင်းသမားက India မှာ ကားမောင်းရင် ၃ မျိုး ကောင်းရမယ်လို့ ပြောပါတယ်။ ဘာလဲဆိုတော့
1. Good Horn, 2. Good Brake, and ....... 3. Good Luck ပါတဲ့။
No comments:
Post a Comment