ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ တရားဝင်ထုတ်ပြန်ကြေညာချက်တစ်ရပ်အား ကော့သောင်းဝင်ပေါက်မှဝင်ရောက်လာသည့် ကမ္ဘာလှည့် ခရီးသွား များအား တစ်ဦးချင်း အလိုက် ကောက်ခံ နေသည့် Royalty Fees များအပါအဝင် လိုင်စင်ကြေးအားလုံးကို လာမည့် ခရီးသွား ရာသီမှ စ၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
Ref : Phoewa September 2007
အဆိုပါ ထုတ်ပြန်ကြေညာချက်ပါ ဖေါ်ပြပါရှိချက်များ အရတိုး မြှင့်ကောက်ခံ သွားမည့် နှုန်းထား များမှာ ကမ္ဘာလှည့်ခရီးသည်တစ်ဦးလျှင် လက်ရှိကောက်ခံနေသော ဒေါ်လာ ရှစ်ဆယ် အစား၊ ဒေါ်လာတစ်ရာ သို့လည်းကောင်း၊ ကော့သောင်းနှင့် မြိတ်ကျွန်းစုတစ်ဝှိုက် ခရီးသွား ကုမ္ပဏီများ၏ လိုင်စင်ကြေးကို ဒေါ်လာ(၁၀၀၀)မှ ဒေါ်လာ (၃၀၀၀)သို့လည်းကောင်း၊ သုံးစီးထက် ပိုသော ကုမ္ပဏီပိုင် ရွက်လှေများကို ယခင် ကောက်ခံသော ဒေါ်လာ(၃၀၀) အစား ဒေါ်လာ (၁၀၀၀)သို့ လည်းကောင်း၊ အမည်ခံကုမ္ပဏီဖြင့် အလျဉ်းသင့်သလို ဝင်ရောက်နေသော ရွက်လှေများအား ဒေါ်လာ (၅၀၀)ကောက်ခံနေမှုကို ဒေါ်လာ(၂၀၀၀)သို့လည်းကောင်း၊ ဧည့်လမ်းညွှန်တစ်ဦးလျှင် (၁၅)ဒေါ်လာမှ ဒေါ်လာ(၃၀)သို့လည်းကောင်း တိုးမြှင့်သွားမည်ဖြစ်သည်ဟုဆိုသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ တရားဝင်စာရင်းဇယားများအရ ယမန်နှစ်အတွင်းကော့သောင်းဝင်ပေါက်မှ ကမ္ဘာလှည့်ခရီးသည် စုစုပေါင်းတစ်သိန်းခုနှစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး ယင်းခရီးသည်များအား တရားဝင် မှတ်ပုံတင်ထားသော ခရီးသွားကုမ္ပဏီ(၃၂)ခုက လက်ခံ ဝန်ဆောင်မှုများပေးလျှက်ရှိသည်ဟုသိရှိရသည်။
No comments:
Post a Comment