Posted May 23rd, 2007 by myway in
နယူးယောက် ။ ။ နေရောင်ခြည်မှ စွမ်းအင်ထုတ်ယူမှုသည် အဓိကပင်မ စွမ်အင်ရေစီးကြောင်းဖြစ် သုံးနှစ်မှ လေးနှစ်အတွင်း ဖြစ်လာနိုင်ရန် ကုမ္မဏီများက solar panel များတွင် အသုံးပြုသော အဓိကပါဝင်သည့် ပစ္စည်းများကို တိုးထုတ်လုပ်နေကြောင်း ၊တရုတ် သည် ပင်မ ထုတ်လုပ်သူ ဖြစ်လာမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် သုတေသနအုပ်စုက ပြောကြာခဲ့သည်။
ရေနံနှင့် သဘာဝ ဓါတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာမှု ၊ ဖန်လုံအိမ် ဓါတ်ငွေ့များ လွှင့်ထုတ်မှုတို့ကြောင့် စိုးရိမ် ပူပန်မှုများ ဖြစ်လာရသော ရင်းနှီးမြှုပ်နှံသူများက နေရောင်ခြည်နှင့် အသစ်ပြန်ရယူ ထုတ်လုပ်နိုင်သော စွမ်အင်များကို အာရုံစိုက်လာကြသည်။
နေရောင်စွမ်းအင်သည် အမြန်ဆုံး ကြီးထွားလာသော စွမ်းအင်ရင်းမြစ်ဖြစ်သော်လည်း ကမ္ဘာ့လျှပ်စစ် ထုတ်လုပ်မှုတွင် တစ်ရာခိုင်နှုန်းမျှသာ ရှိရခြင်းမှာ ၎င်းအတွက် အိမ်ပိုင်ရှင်မျာသည် ဓါတ်ငွေ့ပိုက် စွမ်းအင်လောင်စာ ကုန်ကျမှုထက် နှစ်ဆပိုများနေသောကြောင့် ဖြစ်သည်။
သို့သော်လည်း နေရောင်ခြည်စွမ်းအင် ကုန်ကျစရိတ်များသည် လာမည့်နှစ် အနည်းငယ်အတွင်း ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဟု World Watch Institute မှ သုတေသနမှူး ဂျဲနက်စောဝင် ကပြောကြားခဲ့သည်။
No comments:
Post a Comment