အင်တာနက် Search Engine တစ်ခုဖြစ်တဲ့ Google ဟာ ကိုယ်ပိုင် Mobile Phone တီထွင်ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ ဥရောပတိုက်နိုင်ငံတွေရဲ့ အမေရိကန်ပြည်ထောင်စုတို့ကလာတဲ့ သတင်းတွေအရ အဲဒီ Mobile Phone ဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားပြီး မြင်ကွင်းကျယ်ကျယ်ပြကွက်မှာ ရောင်စုံကြည့် နိုင်တဲ့ ဒီဇိုင်းဖြစ်ကြောင်း၊ စရိတ်စကနည်းနည်းနဲ့ ထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရတယ်။ Google ရဲ့ ကိုယ်စားလှယ်တစ်ဦးကတော့ ဒီလိုဖုန်းမျိုး ထုတ်လုပ်ဖို့ စူးစမ်းနေဆဲပါလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က Apple ကုမဍ္ဎဏီရဲ့ iPhone ကို လက်ကိုင်ဖုန်းဝါသနာအိုးတွေ သဘောကျစွဲမက်နေကြရာက အခုခါ Google က စရိတ်စကနည်းနည်းနဲ့ ထုတ်တော့မယ့် Mobile Phone ကို အာရုံစိုက်လာကြပါတယ်။
Bangkok Post/Today Magazine
No comments:
Post a Comment